Tuesday, August 18, 2020

NLD ပါတီဝင်အချို့တွင် ကိုယ့်အတွက်ကိုယ်လုပ်နေကြခြင်းမျိုးရှိနေကြောင်း ပါတီ ဥက္ကဋ္ဌ ပြော

ဒီချုပ်ပါတီဝင်များထဲက အချို့သည် ကိုယ့်အတွက်ကိုယ်လုပ်နေကြခြင်းမျိုးရှိနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
‘‘NLD အဖွဲ့ဝင်လုပ်ရတာ အခုဆိုရင် လွယ်လွယ်လေးပဲ။ လွယ်လည်းလွယ်တယ်။ တချို့က လည်း NLD အတွက်ထက် ကိုယ့် အတွက်လုပ်တဲ့သူတွေလည်း ပါ လာတယ်ဆိုတာ ဘယ်သူမှငြင်း လို့မရဘူး။ အရင်တုန်းကဆိုလို့ရှိ ရင်၊ ကိုယ့်အတွက်လုပ်လို့ရှိရင် NLD ဝင်စရာအကြောင်းမရှိဘူး။ ဘာမှလည်း အကျိုးအမြတ်မရှိ ဘူး။ အနစ်နာခံမှုတွေ အများ ကြီးရှိတယ်။ ပါတီမှာ တစ်ဆင့် ချင်း၊ တစ်ဆင့်ချင်း တက်လာတဲ့ အမာခံရဲဘော်တွေ အခုထက်ထိ ရှိသေးတာကလည်း NLD အ တွက် အင်အားပဲ။ အမာခံ ရဲဘော်ရဲဘက်တွေရဲ့ စိတ်ဓာတ် ကို သင်ယူဖို့ကတော့ လူသစ်တွေ မှာ တချို့မှာတော့ လိုသေးတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
သြဂုတ် ၁၆ရက်က Chair NLD ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ‘အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖြတ်သန်း လျှောက်လှမ်းခဲ့ရသည့် ခရီးရှည်ကြီးထဲက အဖွဲ့ဝင်တစ်ဦး တစ်နည်းအားဖြင့် ရဲဘော်ရဲဘက် တစ်ဦးဖြစ်သူ ဒေါက်တာဇော်မြင့် မောင်၏ နိုင်ငံရေးဖြတ်သန်းမှု ခရီးရှည်အကြောင်း ဒေါ်အောင် ဆန်းစုကြည်နှင့်အတူပြောကြား ခြင်း’ အစီအစဉ်တွင် ဒေါ်အောင် ဆန်းစုကြည်က ပြောဆိုခြင်းဖြစ် သည်။
ထို့အပြင် မြန်မာနိုင်ငံအနေ ဖြင့် ဒီမိုကရေစီလမ်းကြောင်း မပေါက်သေးသောကြောင့် ဆက် လက်ဆောင်ရွက်သွားကြရဦး မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။
‘‘ကျွန်မတို့နိုင်ငံက ဒီမိုက ရေစီလမ်းကို ပေါက်သေးတာ မဟုတ်ဘူး။ လမ်းဆုံးလည်းမ ရောက်သေးဘူး။ ဒီမိုကရေစီလမ်း ဆုံးဆိုတာတော့ ဘယ်တော့မှမရှိ ပါဘူး။ တခြား ဒီမိုကရေစီနိုင်ငံကြီး တွေကတောင်မှ အမြဲပဲ စိန်ခေါ်မှု တွေတစ်ခုမဟုတ် တစ်ခုနဲ့ ရင် ဆိုင်နေရတာပဲ’’ ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။
>>zawgyi<<

0 comments:

Post a Comment