Sunday, August 16, 2020

NLD ပါတီရပ်/ကျေး ပါတီရုံးဖွင့်လှစ်ထားသည့် မူဆယ်မြို့ရှိ ကျေးရွာသုံးရွာမှ ရုံးခန်းသုံးခုကို အိမ်ရှင်များပိတ်သိမ်း

လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ရွေးချယ်ခံကိုယ်စားလှယ်လောင်းများအား ယုံကြည်မှုမရှိသဖြင့် မူဆယ်မြို့ရှိ ကျေးရွာသုံးခု၌ ဖွင့်လှစ်ခွင့်ပြုထားသည့် NLD ရပ်/ကျေး ရုံးခန်းသုံးခုကို အိမ်ရှင်များမှ ဆက်လက်ဖွင့်လှစ်ခွင့် မပြုတော့ကြောင်း သိရသည်။
လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မူဆယ်မြို့၌ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို NLD ပါတီဗဟိုမှ ရွေးချယ်ရာ၌ ဒေသခံပြည်သူတို့၏အသံကို နားမထောင်ဘဲ ရွေးချယ်ခဲ့သောကြောင့် ရွက်ကော်ကျေးရွာ၊ မိုင်ကျောင်းကျေးရွာနှင့် နမ့်လှိုင်ကျေးရွာများ၌ ဖွင့်လှစ်ထားသည့်ရုံးခန်းများကို အိမ်ရှင်များမှ ဖွင့်ခွင့်မပြုတော့ဘဲ ပါတီဆိုင်းဘုတ်များအား ဖြုတ်သိမ်းလိုက်ခြင်း ဖြစ်သည်။
၎င်း NLD ပါတီရပ်/ကျေးရုံးခန်းများသည်အိမ်ရှင်ဖြစ်သူများမှအခမဲ့ရုံးခန်းဖွင့်လှစ်အသုံးပြုခွင့်ပေးထားခြင်းဖြစ်ပြီး NLD ပါတီမှ ရွေးချယ်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ယုံကြည်မှုမရှိပါသဖြင့် ပါတီဆိုင်းဘုတ်များအားဖြုတ်ချခွင့်ပြုရန်နှင့် ရုံးခန်းအား ဆက်လက်အသုံးပြုခွင့် ပေးတော့မည်မဟုတ်ပါကြောင်း သက်ဆိုင်ရာဒေသအာဏ္ဏာပိုင်များထံ ယခုလ ၁၁ ရက်နှင့် ၁၃ ရက် နေ့များတွင် စာတင်အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

Crd : Myitphyar Irra - မြစ်ဖျားဧရာ

0 comments:

Post a Comment