Friday, August 14, 2020

ဒေါ်အောင်ဆန်းစုကြည်မဲစာရင်း ရန်ကုန်နှင့် နေပြည်တော်၌ ပါဝင်၊ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်၌ မဲပေး မည်ဟု NLD ပါတီပြောဆို

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် မဲစာရင်းသည် နေပြည်တော်နှင့် ရန်ကုန်၌ ပါဝင်နေသော်လည်း ရန်ကုန်၌သာ မဲပေးရန်ရှိတယ်လို့ NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။
“နေရာနှစ်ခုလုံးမှာပါတယ်ဆိုပေမဲ့တစ်နေရာထဲပဲပေးမှာပါ။ဘယ်နေရာမှာပေးမလဲဆိုတော့ဥက္ကဌရဲ့မဲဆန္ဒနယ် မြေမှာပဲလို့လောလောဆယ်ကျွန်တော်တို့က သိထားပါတယ်ခင်ဗျ’’လို့ ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။
၂၀၁၅ ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ မဲစာရင်း ပါဝင်ခဲ့သည် ဗဟန်းမြို့နယ်၌ ကိုယ်တိုင်မဲပေးခဲ့ပါတယ်။
အလားတူ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၀ ရွေးကောက်ပွဲ၌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ထပ်မံဝင်ရောက်ယှဉ်ပြိုင်သွားမှာလည်း ဖြစ်ပါတယ်။
Ref ; People Media

0 comments:

Post a Comment