Wednesday, August 5, 2020

မွန်ပြည်နယ်က NLD ပါတီ ကိုယ်စားလှယ်လောင်း ၂ ဦး အပြောင်းအလဲ ပြန်လုပ်

ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မွန်ပြည်နယ်၏ ကိုယ်စား လှယ်လောင်း ၂ ဦး အပြောင်းအလဲ ပြန်လုပ်ထားသည်ဟု မွန်ပြည်နယ် NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါ်တင်အိက ပြောသည်။
ယခုလို အပြောင်းအလဲ ပြုလုပ်ရာမှာ ရေးမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်နေရာအတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးချစ်တင် အစား ရေးမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မိုးအေးကို လဲလှယ်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် မုဒုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းကြည် နေရာတွင် ဒေါ်ခင်ကျော့ဖြူကို အစားထိုး လဲလှယ်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ရွေးချယ်ထားသော ကိုယ်စားလှယ်လောင်းများကို ဝေဖန်မှုများ ရှိလာပြီးနောက် ရန်ကုန်၊ဧရာဝတီ၊ မန္တလေးတိုင်းနှင့် မွန်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်တချို့က ကိုယ်စားလှယ်လောင်း ၁၂ ဦးအထိ အပြောင်းအလဲ ပြန်လုပ်ခဲ့ခြင်း ဖြစ်သည်။
NLD ပါတီသည် လာမယ့် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာ ၁၁၃၁ နေရာ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဟု ပြီးခဲ့သည့် ဇူလိုင် ၂၃ နေ့ရက်တွင် ထုတ်ပြန်ထားသည်။
Ref ; Southern Myanmar News

0 comments:

Post a Comment