Tuesday, August 11, 2020

ဦးဌေးအောင်မှ NLD ပါတီအပေါ် ပြောကြားချက်မှန်-မမှန် စစ်ဆေးပေးရန် မိုက်ကယ်ကျော်မြင့် UEC ထံ တိုင်ကြား၊ တိုင်ကြားစာ လက်ခံရရှိကြောင်း အကြောင်းပြန်

ဦးဌေးအောင်မှ NLD ပါတီအပေါ် ပြောကြားချက်များနှင့်ပတ်သက်ပြီး မှန်-မမှန် စုံစမ်းစစ်ဆေးပေးပါရန် မိုက်ကယ်ကျော်မြင့်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားခဲ့ပါတယ်။
တိုင်ကြားစာကို လက်ခံရရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အကြောင်းပြန်ထားတယ်လို့ မိုက်ကယ်ကျော်မြင့်က ပြောပါတယ်။
မိုက်ကယ်ကျော်မြင့်သည် အခြေခံစားလူတန်းစားဘဝဖွံဖြိုးတိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး တာဝန်ယူထားသူဖြစ်ပြီး ပါတီတည်ထောင်သူလည်း ဖြစ်ပါတယ်။
“စာကိုတော့ ဒီနေ့ ၁၂ နာရီမှာ သူတို့လက်ခံရရှိကြောင်း UEC ကအကြောင်းပြန်ပါတယ်။ တိုင်ကြားစာက တော့ အဓိက ဦးဌေးအောင်စွပ်စွဲထားသလို ပြည်ပငွေကြေး၊ ပြည်ပအထောက်အပံ့၊ နိုင်ငံတကာခံစားခွင့်တွေကို NLD ပါတီဝင်တွေအနေနဲ့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တကယ်တမ်းရယူထားခြင်းရှိ၊မရှိကို တိတိကျကျ စုံစမ်းစစ်ဆေးပေးပြီးတော့ UEC အနေနဲ့ တိုင်းပြည်ကိုကြေညာချက်ထုတ်ပြန်ပေးဖို့ ကျွန်တော် တောင်းဆိုထားတာပါ။ ပေးပို့တာ ၈ ရက်နေ့ကပေါ့’’ ဟု ၎င်းကပြောပါတယ်။
Orchid ဟိုတယ်ပိုင်ရှင် ဦးဌေးအောင်သည် ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်၌ ၎င်း၏ ဖေ့စ်ဘုတ်စာမျက်မှတဆင့် NLD ပါတီအနေဖြင့် နိုင်ငံခြားတိုင်းပြည်တစ်ခု အဖွဲ့အစည်းတစ်ခုခုမှ ငွေကြေးအထောက်အပံ့များရယူထား ကြောင်း၊ ပါတီဝင်များကို သင်တန်းများပင်ပေးခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့ပါတယ်။
“ကျွန်တော်သိတာလည်းအများတန်းတူသိတာပါ။ ယုံကြည်မှုဆိုတာကတော့ အခုနှစ်ဖက်ပြောနေတဲ့အပေါ် ဘယ်အရာကိုမှ လွန်ကဲသွားတာမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်နားလည်တာက နှစ်ဖက်ပြောနေတဲ့စကားပေါ်မှာ ကျွန်တော်တို့နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိခိုက်တဲ့စကားတွေပါနေတယ်။ နောက် ကျွန်တော်တို့ UEC ကထုတ်ပြန်ထားတဲ့ ဥပဒေ၊နည်းဥပဒေကိစ္စတွေပါနေတယ်။ ပထမတော့ ဒါလူတစ်ဦးတစ်ယောက်အ နေနဲ့ သူဘာသူပုဂ္ဂိုလ်ရေးပြောနေတာတော့ တစ်ကဏ္ဍပေါ့ဗျာ။ အခုလို နိုင်ငံရေးပါတီတွေကို ဖိတ်ပြီး တရား ဝင်ပြော လာတဲ့အခါကြတော့ ဒီစကားကတရားဝင်မှန်၊ မမှန်၊ဟုတ်၊မဟုတ်ဆိုတာ ကျွန်တော်တို့ ဘက်ကဆန်းစစ်ဖို့ လိုလာပြီ။ စစ်ဆေးပြီးရင်တော့မှန်တယ်။ မမှန်ဘူးပေါ်လာမှာပေါ့။ ဒါကြောင့်တာဝန်ရှိတဲ့သူတွေကိုတိုင်ကြား ခဲ့ခြင်းဖြစ်ပါတယ်’’ဟု မိုက်ကယ်ကျော်မြင့်ကထပ်မံပြောသည်။
Ref ; People Media

0 comments:

Post a Comment