Thursday, August 13, 2020

NLD ကို ဦးဆောင်တဲ့သူတွေကြားမှာ နေရာလုတယ်ဆိုတဲ့ သမိုင်းမရှိကြောင်း နှောင်းလူ လူငယ်ပါတီဝင်အများနှင့် ပြည်သူလူထုအား NLDပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ‌ပြောကြား

ယနေ့ NLDပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီနှင့် သက်ဆိုင်သော FaceBook Page ၌ ပြည်သူသို့ ပြောကြားခြင်း အပိုင်း(၂) လေလှိုင်း ထုတ်လွှင့်မှု ပြောကြားချက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို ဦးဆောင်တဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ ခေါင်းဆောင်တွေကြားထဲမှာ နေရာလုတယ် ဆိုတာ ဘယ်တုန်းကမှမရှိခဲ့ဘူးလို့ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားလိုက်ပါတယ်။
NLD ရဲ့ အစဉ်အလာဟာ နေရာလုတာမဟုတ်ဘဲနဲ့ တစ်ယောက်နဲ့ တစ်ယောက် နေရာပေးတာ၊ တစ်ယောက်ပေါ် တစ်ယောက် သစ္စာစောင့်သိတာ၊ တစ်ယောက်ကို တစ်ယောက် ကူညီကာကွယ်တာကသာ NLD ရဲ့ အစဉ်အလာဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။
အခုလို ဦးဆောင်သူတွေကြားမှာ နေရာလုတယ်ဆိုတာ မရှိပေမယ့် အဖွဲ့ဝင်တွေကြားမှာတော့ လူ့သဘာဝအရ၊ အဖွဲ့အစည်းတွေရဲ့ သဘာဝအရ ဒီအစဉ်အလာတွေကို ဖောက်ဖျက်ပြီး နေရာလုတာ၊ တစ်ယောက်နဲ့ တစ်ယောက် ရန်လုပ်တာတွေ ရှိခဲ့တယ်လို့လည်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒါပေမဲ့ ဘယ်လိုပြဿနာတွေဖြစ်ခဲ့ဖြစ်ခဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မူလကတည်းက ထိန်းသိမ်းခဲ့တဲ့ တန်ဖိုးထားတွေကို လက်မလွှတ်ဘဲ အခုချိန်ထိ ဒီတန်ဖိုးထားတွေ ဆက်ပြီးရှင်သန်အောင် ကြိုးစားဆောင်ရွက်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
NLDပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ‌ပြောကြားချက်အပေါ် ပရိသတ်ကြီးရဲ့ ထင်မြင်ယူဆချက်များလည်း ရေးသားမှတ်ချက်ပြုခဲ့ဖို့ ဖိတ်ခေါ်အပ်ပါတယ်။
Crd : Chair NLD #Myanmar_Online_Nerws

0 comments:

Post a Comment