Saturday, August 22, 2020

NLD ပါတီအား ဝေဖန်မှုများပြုလုပ်နေသည့် House of Orchid Hotel ပိုင်ရှင် ဦးဌေးအောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် ဖမ်းဆီးထိန်းသိမ်း


ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လက်ရှိအစိုးရအဖွဲ့နှင့် NLD ပါတီတို့အပေါ် မကြာခဏဝေဖန်စွပ်စွဲမှုများ ပြုလုပ်လေ့ရှိသူ House of Orchid ပိုင်ရှင် ဦးဌေးအောင်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ဦးဌေးအောင်ကို ပုဇွန်တောင်မြို့နယ် အထွေထွေအုပ် ချုပ်ရေးမှူးက တရားလိုပြုလုပ်၍ တရားစွဲဆိုခြင်းဖြစ်ပြီး ယမန်နေ့ (ဩဂုတ် ၂၁ ရက်) ညနေ ၄ နာရီ၃၅ မိနစ်အချိန်တွင် ပုဇွန်တောင်မြို့နယ် House of Orchid Hotel၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဦးဌေးအောင်သည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ် ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နေရာ တွင် တစ်သီးပုဂ္ဂလအဖြစ် ဝင် ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသူဖြစ်သည်။ ထို့အပြင် ၎င်းသည် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ကိုယ်စား လှယ်လောင်း စာရင်းမှ ဖယ်ရှားရန် ကြိုးပမ်းနေသူလည်းဖြစ်သည်။
ဦးဌေးအောင်ဟာ လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရွေးကောက်ပွဲဝင်မယ့် ကော့မှူးမြို့နယ်မှာ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေသလို နိုင်ငံတော်အကြီးအကဲတွေနဲ့ အာဏာရပါတီအပေါ် စွပ်စွဲပြောဆိုမှုတွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့သူ ဖြစ်ပါတယ်။
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၁၂၄(က) အရ အမြင့်ဆုံး ထောင်ဒဏ်တသက်တကျွန်းထိ ချမှတ်နိုင်ပါတယ်။
လာရောက်ဖမ်းဆီးမှု့ပြုလုပ်နေစဉ်အတွင်း ဦးဌေးအောင်မှ သူ၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင် သတ္တိရှိရှိ ဆောင်ရွက်သွားမည် ဆိုတဲ့ အကြောင်း ရေးသားခဲ့သည်။



0 comments:

Post a Comment