Wednesday, August 5, 2020

အဖွဲ့အစည်း၊ပါတီတွေကဝယ်ယူထားတဲ့ MTV မဟုတ်ဘူးလို့ ပြန်လည်ဖြေရှင်းလိုက်တဲ့ အဆိုတော်ယုန်လေး

ငါတို့အားလုံးရဲ့မြေသီချင်းကိုဘယ်အဖွဲ့အစည်း၊ဘယ်ပါတီဘယ်သူကမှဝယ်ယူလို့မရဘူးလို့ အဆိုတော်ယုန်လေးကသူကိုယ်တိုင် အသုံးပြုတဲ့ လူမှုကွန်ယက် စာမျက်နှာ ကနေ Live လွှင့် ပြောပြလာပါတယ်။
ငါတို့အားလုံးရဲ့မြေသီချင်းကိုဘယ်အဖွဲ့အစည်း၊ဘယ်ပါတီဘယ်သူကမှဝယ်ယူလို့မရဘူးလို့ အဆိုတော်ယုန်လေးကသူကိုယ်တိုင် အသုံးပြုတဲ့ လူမှုကွန်ယက် စာမျက်နှာ ကနေ Live လွှင့် ပြောပြလာပါတယ်။
အဆိုတော်ယုန်လေးကမိမိကိုဘယ်အဖွဲ့အစည်း၊ဘယ်ပါတီဘယ်သူကမှဝယ်ယူလို့မရကြောင်း၊ဘယ်သူ့ခိုင်းစေမှုမှမလုပ်ဘူးဆိုတဲ့အကြောင်းကို Facebook Live မှာသေချာ ပြန်လည်ရှင်းပြခဲ့သလို MTV မှာ ပါဝင်သူတွေကိုလည်း ကိုယ်တိုင်တောင်းပန်ခဲ့တာကိုတွေ့ ရပါတယ်။
“ကျိန်းသေတာတစ်ခုကတော့ ကျွန်တော်ကိုဘယ်အဖွဲ့အစည်း၊ဘယ်ပါတီဘယ်သူကမှ ကျွန်တော်ကိုဝယ်လို့မရပါဘူး။ ဒါကျွန်တော်စိတ်ဓါတ်ကိုရင်းတဲ့သူသိမှာပါ။ ကျွန်တော်ဘယ်သူ့ခိုင်းစေမှု့မှမလုပ်ပါဘူး။ပါဝင်တဲ့သူတိုင်းလဲ တစ်ကျပ်တစ်ပြားမှ ဘယ်သူမှမရကြပါဘူး။မေတ္တာနဲ့ပါဝင်ကူညီတာပါ။အဲ့ဒါတော့လုံးဝကျိန်းသေပါတယ်၊ လုံးဝကျမ်းကျိန်ပြီးပြောရဲပါတယ်။ တချို့တွေပြောရက်တယ်။ ကျွန်တော်တစ်သက်လုံးလှူလာတဲ့အ လုပ်တွေပါပြောရက်တယ်။စိတ်ဓါတ်တော်တော်ကျတယ်၊ကျွန်တော်ဒီလောက်စိတ်ဓါတ်ကျမှုမျိုးမရှိဖူးဘူး။အခုကတော့ တော်တော်ကြောက်သွားပြီ။ နိုင်ငံရေးကို၊ကျွန်တော်တို့ကလဲမလုပ်ပါဘူး။ဒီစည်းရုံးရေးပေါ့၊တာကျိုးတဲ့ကိစ္စဆိုလဲ ကျွန်တော်ပြောတယ်။ ဦးရဲလွင်၊ဦးဇော်မျိုးအောင်ကျွန်တော်ချစ်တယ်လေ၊ပြီးတော့ဒီဘက်က စစ်သားတွေပါပါလာတော့ပြောတယ်၊စည်းလုံးမှုမျိုးကျွန်တော်လိုချင်တယ်Facebook တင်တယ်။ဒါလဲ ကျွန်တော်Facebook friend ဖြစ်တဲ့သူတွေသိမှာပါ၊ အခုကကျွန်တော်စည်းရုံးစေချင်တာပဲရှိတယ်၊ အမေစုကျွန်တော်ချစ်တာပေါ့၊၂၀၁၃ မှာအမေနဲ့ပထမဦးဆုံးတွေ့ဖူးပါတယ်၊ မကြည်ဖြူသျှင်၊ကိုအနဂ္ဂတို့အ ဆက်အသွယ်နဲ့ကျွန်တော်လိုက်ချင်လို့၊တွေချင်လို့သွားပါတယ်၊သွားပြီးတော့ကျွန်တော်ဗဟန်းရုံးကျဉ်းကျဉ်းလေးမှာပဲကျွန်တော်အမေကိုထိုင်ကန်တော့ခဲ့ပါတယ်။” လို့ ငါ့တို့ အားလုံးရဲ့ မြေ သီချင်းMTV ဖြစ်စဉ် နဲ့ ပတ်သက်ပြီးယုန်လေး က ပြန်လည်ရှင်းပြခဲ့ပါတယ်။
တေးသံရှင်ယုန်လေး က နောက်နောင် နိုင်ငံရေး နဲ့ ဆက်နွယ်တဲ့ တေးသီချင်း များကိုလည်းသီဆို စီစဉ်ဖြစ်တော့မှာ မဟုတ်သလို ယခု သီချင်းကိုလည်း အားလုံးစည်းလုံးစေချင်တဲ့ စိတ်နဲ့ကြိုက်နှစ်သက်မယ်ထင်မိပြီးလုပ်ဖြစ်ခဲ့တာ ဖြစ်တယ်လို့ လည်းပြောပြခဲ့ပါတယ်။
ငါတို့ အားလုံးရဲ့ မြေ သီချင်း နဲ့ ပတ်သက်ပြီး ပါဝင်တဲ့ အနုပညာရှင် များနဲ့ ပရိသတ်များကိုတောင်းပန်ပြီးတဲ့နောက်မှာ MTV ကို မူရင်းတင်ထားတဲ့ Original Gangster Pageက နေ ပြန်လည် ဖြုတ်ခဲ့တာကိုလည်းတွေ့ရပါတယ်။
Ref ; AKonThi Celebrity Cele24

0 comments:

Post a Comment