
သိန်းခုနှစ်ထောင်လည်း မရဘူး၊ ဗိုလ်ချုပ်သားလည်း ကျွန်တော် မသိဘူးဟု အဆိုတော် ယုန်လေးက သြဂုတ်လ ၇ ရက် နေ့လည်ပိုင်းက ၎င်း ၏ အကောင့်တွင် Live လွှင့် ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ရုပ်ရှင်အစည်းအရုံးခန်းမတွင် ယနေ့ ညပိုင်း ၅ နာရီ အချိန်ခန့်တွင် ရှင်းလိုကြောင်းနှင့် ခန်းမကို အခမဲ့ပေးသုံးရန်လည်း ပြောကြားခဲ့ကာ မီဒီယာများကိုလည်း ခေါ်ထားသည်။
ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင် လည်း ရှင်းချိန်တွင်ရှိပေးရန် Live တွင် ထည့်သွင်းပြောကြားခဲ့ပြီး ဦးညီညီထွန်းလွင်ကို စိတ်မဆိုးကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
သရုပ်ဆောင် ညီနန္ဒကို ကို အလကားခေါ်သည့်အတွက် လာရိုက်ပေးခြင်းဖြစ်ကြောင်း စသည်ဖြင့် အခြေအနေများကို Live တွင် ထည့်သွင်းပြောကြားထားသည်ကို တွေ့မြင်ရသည်။
ဒါရိုက်တာထဲက မေးချင်သူ ၁ ယောက်၊ တေးရေးဆရာထဲမှ မေးချင်သူ ၂ ယောက် လာခဲ့ရန်လည်း ၎င်းက ရေးသားထားကာ ရှင်းလင်းမှုသို့လာရန်နှင့် မလာလျှင်လည်း သွားပုပ်လေလွင့် မဖွရန် ၎င်းက ထည့်သွင်းပြောကြားထားသည်။



Crd : Yone Lay #Myanmar_Online_News
0 comments:
Post a Comment