Wednesday, August 26, 2020

ကချင်ပြည်နယ် မိုးကောင်းမြို့၌ Masks မတပ်ဘဲ သွားလာပါက ဒဏ်ငွေ ပြန်တပ်ရိုက်မည့် အစီအစဉ် စတင်

ရခိုင်ပြည်နယ်၌ ပြန်လည်ဖြစ်ပွားလာသော ပြည်တွင်းကူးစက်မှု COVID-19 ရောဂါ မိုးကောင်းမြို့နယ်အတွင်း မကူးစက်လာစေရေးအတွက် ယနေ့နံနက်က Masks Campaign ပြုလုပ်ကြောင်းသိရသည်။
ကချင်ပြည်နယ် မိုးကောင်းမြို့တွင် ဩဂုတ် (၂၅)ရက် နံနက်(၇)နာရီခွဲအချိန်က မြို့နယ် (COVID-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းဦးစီးသော ဌာနဆိုင်ရာ ပေါင်းစုံပါဝင်သည့်အဖွဲ့မှ ဈေးကုန်းရပ်ရှိ မီးပွိုင့်လမ်းဆုံနှင့်မိုးကောင်းတံတားထိပ်တို့တွင် လမ်းသွားလမ်းလာပြည်သူများအား ရခိုင်ပြည်နယ်၌ အဖြစ်များလာသော တစ်ကျော့ပြန် ပြည်တွင်းကူးစက်မှု COVID-19 ရောဂါ မကူးစက်လာစေရေး အသိပေးနှိုးဆော်သည့်အနေဖြင့် အများပြည်သူများအား Masks (၁၀၅၀) ဝေငှခဲ့သည်။
“ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီးပေါ့ပေါ့ဆဆနဲ့ Masks တပ်ဆင်မှု လျော့ပါးလာတဲ့အတွက် ခုလို Masks Camping အသိပေးနှိုးဆော်တာ ကနေ့နဲ့မနက်ဖြန် နှစ်ရက်ပြုလုပ်ပြီးရင်တော့ အရင်ကလို Masksတပ်တဲ့အလေ့အထရှိလာအောင်ဒဏ်ငွေတပ် Masksပြန်ပေးအစီအစဉ်ကိုပြန်လည်လုပ်ဆောင် မှာဖြစ်ပါတယ်”လို့ မြို့နယ် (COVID-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္က၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းမှဆိုသည်။
COVID-19 ဗီဇသစ် G 614 သည် ကူးစက်မှု မြန်ဆန်ပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ ထုတ်ပြန်ချက်အရ ဩဂုတ် (၂၆ )ရက် နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာ (၅၇၄)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
Ref ; People Media

0 comments:

Post a Comment