Friday, August 21, 2020

စစ်တွေမြို့တွင် ရောဂါပိုး တွေ့ရှိသူများပြားလာပြီးနောက် Mask စျေးနှုန်းများ အနည်းငယ်ပြန်တက်နေ

ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ များပြားလာပြီးနောက် လတ်တလော ပြည်တွင်းစျေးကွက်မှာ Mask စျေးနှုန်း အနည်းငယ် ပြန်တက်လာတယ်လို့ Mask ဝယ်ယူသုံးစွဲတဲ့ သူတွေထံက သိရပါတယ်။
"အရင်ကဝယ်တာ အခု ၅ဝပါတဲ့ ၁ဘူးကို ၁၂၀၀ ပဲ ပေးရတယ်။ မနေ့က သွားဝယ်တာ ၃၂၀၀ တောင်ပေးရတယ်။"လို့ တောင်ဒဂုံမြို့နယ်မှာနေတဲ့ မစုမြတ်က ပြောပါတယ်။ ပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိခဲ့တဲ့ မတ်လပိုင်းတုန်း Mask အခု(၅၀)ပါ တစ်ဘူးကို ကျပ် ၂၅၀၀၀၊ ၃၀၀၀၀၊ ၄၀၀၀၀ အထိ ပေးဝယ်ခဲ့ကြရပါတယ်။
ယခုအခါမှာလည်း ယင်းကဲ့သို့ Mask စျေးနှုန်းတွေ ပြန်လည်မြင့်တက်လာမှာကို ပြည်သူလူထုက စိုးရိမ်နေကြပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ (၂၁-၈-၂၀၂၀) ရက်နေ့ အထိ ထုတ်ပြန်ချက်တွေအရ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၄၀၉) ဦးရှိပြီ ဖြစ်ပါတယ်။
crd-MyanmaPlatform #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment