Sunday, August 23, 2020

Mask များကို ပရဟိတ စိတ်ဓါတ်ဖြင့် ရောင်းချရန် တိုက်တွန်း

တခါသုံး Face Mask များကို အမြတ်အစွန်း အနည်းငယ်သာယူ၍ ပရဟိတစိတ်ဓါတ်ဖြင့် ရောင်းချပေးကြရန် မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းက တိုက်တွန်းပြောဆိုသည်။
သို့သော် ယခုရက်ပိုင်းအတွင်း COVID-19 ကူးစက်ရောဂါ ဒုတိယလှိုင်းသတိပေးချက်များနှင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပြည်တွင်း ကူးစက်မှု ပြန်လည်အစပြု ဖြစ်ပွားလာသည့် အတွက် လူနာသစ်များ တွေ့ရှိလာမှုနှင့် စောင့်ကြည့်လူနာ အရေအတွက် များပြားလာမှု အပေါ် အများပြည်သူ များမှ စိုးရိမ်စိတ်များ ဖြစ်ပေါ်နေကြပြီး တခါသုံး Face Mask ဝယ်လိုအားများ ပြန်လည်မြင့်တက် လာမှုကြောင့် ဈေးနှုန်းပြန်လည် ကြီးမြင့်လာခြင်းနှင့် ဈေးကွက်တွင် ဝယ်ယူရန် ခက်ခဲခြင်းတို့ဖြစ်လာသည်။
ထို့ကြောင့် တခါသုံး Face Mask တင်သွင်း ရောင်းချသော အသင်းဝင် ကုမ္ပဏီများနှင့် လက်လီလက်ကား အရောင်းဆိုင်များအနေနှင့် ပရဟိတစိတ်ဓါတ်ဖြင့် အမြတ်အစွန်း အနည်းငယ်သာယူ၍ သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ပြည်သူ့ကျန်းမာရေး အကျိုးရှေးရှုကာ ရောင်းချပေးကြရန် အဆိုပါ အသင်းမှ မေတ္တာရပ်ခံ တိုက်တွန်းလိုက်သည်။
ထို့ပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနအနေဖြင့် အရေးကြီးကုန်စည်များ ဖြစ်သော COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူ ပြု ပစ္စည်းများ ၊ ဆေးဝါးများနှင့် စားသုံးကုန် ပစ္စည်းများအားဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင် ဖြန့်ဖြူးခြင်း (သို့) ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း တို့ကို တားမြစ်ထားရာ အဆိုပါ ကုန်စည်များအားတင်သွင်း၊ ဖြန့်ဖြူးရောင်းချနေသည့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များအနေဖြင့် အများပြည်သူ ကျန်းမာရေးကိုရှေးရှု၍ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ သိုလှောင်ခြင်းများ မပြုလုပ်ကြရန် ကုန်သည်စက်မှုအသင်းချုပ်ကလည်း အသိပေး ကြေညာထားသည်။
Ref ; The Fifth Wave News

0 comments:

Post a Comment