Friday, August 21, 2020

ကူးစက်မှုများကြောင့် စစ်တွေမြို့တွင် နှာခေါင်းစည်း (Mask ) မတပ်ပါက ဥပဒေအရ အရေးယူမည်

စစ်တွေမြို့မှာ Covid - 19 ရောဂါပိုး ပြည်တွင်းကူးစက်မှုတွေကြောင့် နှာခေါင်းစည်း မတပ်ဘဲ သွားလာသူတွေကို ဥပဒေအရ အရေးယူသွားမယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ် ။
လက်ရှိ စစ်တွေမြို့ မှာ (၆) ရက်အတွင်း အတည်ပြုလူနာ (၂၀) နီးပါး တွေ့ရှိထားတယ်လို့လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
” လိုက်နာမှု အခြေနေကတော့ အားမရသေးပါဘူး။ လိုက်နာအောင်တော့ လုပ်ရမှာပေါ့။ မလိုက်နာတဲ့သူ တစ်ယောက်ကြောင့် တခြားသူတွေမှာ အန္တရာယ်ရှိတယ်။ နှာခေါင်းစည်း မတပ်ပဲ အပြင်ထွက်ရင် ဒဏ်ငွေဆောင်ခိုင်းမယ်၊ ဒဏ်ငွေဆောင်ခိုင်း လို့မှာ မလိုက်နာရင် ဥပဒေကြောင်းအရ ထိထိရောက်ရောက် အရေးယူသွားမှာပါ” လို့ စည်ပင်သာယာရေးဝန်ကြီးဦးဝင်းမြင့်က ပြောပါတယ်။
စည်ပင်သာရေးဝန်ကြီး ဦးဆောင်တဲ့ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတွေဟာ ဩဂုတ်လ(၂၀)ရက်က စစ်တွေမြို့မဈေးကြီးကို လာရောက်ပြီး နှာခေါင်းစည်း အခမဲ့ဖြန့်ဝေတာနဲ့ အသိပညာပေးတာတွေ ပြုလုပ်ခဲ့ ကြပါတယ်။ ဒါ့အပြင် ဈေး အဝင်အထွက်တွေမှာ နှာခေါင်းစည်းတပ်ဖို့နဲ့ လက်ဆေးဖို့အတွက် စောင့်ကြည့်တာတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောကြားပါတယ်။
“ဈေးဝင်အတွက်ကို ဝန်ထမ်းတွေနဲ့ စောင့်ကြည့်မယ်။ ဝင်ရင် လက်ဆေးမယ်၊ Mask တပ်ရမယ်။ အထွက်မှာလည်း ဘေစင်တွေမှာ လက်ဆေးရမယ်။” လို့ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောကြားပါတယ်။
စစ်တွေမြို့မဈေးကြီးကို ဩဂုတ်လ(၂၀)ရက်က စပြီး မနက်(၆)နာရီကနေ နေ့လယ် (၁)နာရီအထိ ဖွင့်လှစ် ပေးထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဈေးအတွင်းမှာလည်း လိုအပ်တဲ့ ဆိုင်အချို့ကိုပဲ ဖွင့်လှစ်မှာဖြစ်ပြီး စားသောက်ဆိုင်တွေမှာတော့ ပါဆယ်စနစ်နဲ့ ရောင်းချဖို့ ခွင့်ပြုတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
crd-One News Myanmar #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment