Wednesday, August 26, 2020

လူနာ အမှတ် ၄၇၇ နေထိုင်ခဲ့သည့် ရန်ကင်းမြို့နယ်ရှိ ရွှေအုန်းပင်အိမ်ရာမှ တိုက်နံပါတ် ၂၁ အား Lockdown ချ

COVID-19 လူနာအမှတ် ၄၇၇ နေထိုင်ခဲ့သည့် ရန်ကင်းမြို့နယ်ရှိ ရွှေ့အုန်းပင်အိမ်ရာမှ တိုက်နံပါတ် ၂၁ အား Lockdown ချထားကြောင်း ရန်ကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးသိန်းဇော်က ပြောကြားသည်။
“လူနာအမှတ် ၄၇၇ က သြဂုတ် ၂ ရက်နေ့မှာ တောင်ကြီးကနေ ရွှေအုန်းပင်အိမ်ရာကို ရောက်တယ်။ ၁၅ရက်နေ့မှာ ချောင်းဆိုးဖျားတော့ ဆေးခန်းမပြဘဲ သူ့ဘာသာ ဆေးဝယ်သောက်ပြီး မသက်သာတော့ ၂၂ ရက်နေ့မှာ အာရှတော်ဝင်ကို သွားပြတယ်။ အာရှတော်ဝင်ကနေ ဆေးရုံကြီးကို လွှဲပြောင်းပေးလိုက်တယ်။ ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် ထားပြီး ၂၅ ရက်နေ့မှာ လူနာအမှတ် ၄၇၇ အဖြစ် အတည်ပြုပြီးတော့ ဆေး ရုံပေါ်တင်ထားတယ်” ဟု ဦးသိန်းဇော်က ပြောကြားသည်။
ထို့ကြောင့် လူနာအမှတ် ၄၇၇ နေထိုင်ခဲ့သည့် ရန်ကင်းမြို့နယ် ရွှေအုန်းပင်အိမ်ရာရှိ တိုက်ကို သြဂုတ် ၂၆ ရက် နံနက်ပိုင်းတွင် Lockdown ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အိမ်ရာမှာ တိုက်တွေက အကြီးကြီးတွေ နေထိုင်တဲ့သူတွေလဲများတယ်။ နိုင်ငံခြားသားတွေ၊ ကုမ္ပဏီဝန်ထမ်းတွေ၊ နေကြတယ်။ အဝင်အထွက်ပေးကိုမလုပ်တော့ဘူး။ အခုညနေ ခြောက်နာရီ အလုပ်ပြန်လာတဲ့သူတွေကို ပြန်ပေးမထွက်တော့ဘူး။ Lockdown ထားတဲ့အတွက် တိုက်မှာနေတဲ့သူတွေ အစားအသောက်အဆင် ပြေဖို့ သက်ဆိုင်ရာက ဆောင်ရွက်ပေးမယ်၊ အိမ်ရာကြီးတစ်ခုလုံးကို Lockdown ချရင် ပြသနာမသေးဘူး လူတော်တော်များတယ်။ အဲ့တော တိုက်နံပါတ် ၂၁ ကို ပတ်ခြာလည်ကာပြီး Lockdown ချလိုက်တာဖြစ်တယ်” ဟု ဦးသိန်းဇော်က ပြောကြားသည်။
Ref ; Popolay

0 comments:

Post a Comment