Saturday, August 22, 2020

တိုက်ပွဲရှောင်စခန်းများအား နယ်စပ်ဂိတ်များ တင်းကျပ်ရန်၊ စစ်ရှောင်စခန်းများကို Lockdownချ၍ စစ်ဆေးပေးရန်နှင့် အင်တာနက် 4G ပြန်ဖွင့်ပေးရန် ရခိုင်အမတ်များတောင်းဆို


ရခိုင်ပြည်နယ်တွင် Covid – 19 ရောဂါပိုးကူးစက်မှုမြင့်မားနေသည့်အတွက် နယ်စပ်ဂိတ်များကို သေချာစွာတင်းကျပ်ရန်၊ လိုအပ်ပါက စစ်ရှောင်စခန်းများကိုပါ Lockdown ပြုလုပ်ရန်နှင့် အင်တာနက် 4G ပြန်ဖွင့်ပေးရန် ရခိုင်ပြည်နယ်ရှိ လွှတ်တော် ကိုယ်စားလှယ်များက အကြုံပြု၊ တိုက်တွန်း၊ တောင်းဆိုလိုက်သည်။
စစ်တွေမြို့တွင် COVID – 19 ဓါတ်ခွဲအတည်ပြုလူနာ ၁၆ ဦးထပ်မံတွေ့ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့နံနက် ၈နာရီတွင် သတင်းထုတ်ပြန်သည်။ ရခိုင်ပြည်နယ်တွင်သီတင်း တစ်ပတ် အတောအတွင်းပြည်တွင်းကူးစက်ခံရသူ ၄၅ ဦး ရှိလာခြင်းလည်းဖြစ်သည်။
" အစိုးရအနေနဲ့ ဘာလုပ်ဖို့လိုအပ်လည်း ဆိုလို့ရှိရင်၊ နယ်စပ်ဂိတ်တွေနဲ့ နယ်စပ်ဝင်ပေါက်တွေကို " ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်ထုမေက ပြောသည်။
ထို့အပြင် Covid – 19 သည် နေထိုင်မှုလွန်စွာ သိပ် သည်းသော စစ်ဘေးရှောင်စခန်းများသို့ ကူးစက်ရောက်ရှိမည်ကို စိုးရိမ်နေကြပြီး၊ အကယ်၍ ရောက်ရှိပါက ထိန်းချုပ်ရန်ခက်ခဲမည်ကိုလည်း စိတ်ပူနေကြသည်။
"တကယ်လို့ စစ်ဘေးရှောင်စခန်းကိုရောက်သွားပြီ ဆိုတာနဲ့ တော်တော်လေးစိုးရိမ်ဖို့ ကောင်းသွားပြီ။ စစ်ဘေးရှောင်စခန်းမှာက။ သူတို့တွေက နေတာထိုင် တာသည် ပြည့်စုံမှုမရှိဘူးပေါ့နော်။ နောက်တစ်ခါ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ လာရောက်တဲ့ လူတွေကများနေတယ်။ အဲလို စစ်ဘေးရှောင်စခန်းကိုသာ ကူးသွားမယ်ဆိုရင်တော့ မတွေးရဲစရာအထိကို ဖြစ်သွားနိုင်တယ်ပေါ့လေ။ အဲဒီအတွက်ကြောင့် စစ်ဘေးရှောင်စခန်းဆိုရင်သတိထားရတော့မယ်။ လူဝင်လူထွက်တွေကိုလည်း စနစ်တကျလုပ်ရတော့မယ်။ အဲဒီအတွက်ကြောင့် စစ်ဘေးရှောင် စခန်းတွေကို Lockdown ချသင့်ရင် ချရပါမယ်၊ စစ်ဆေးသင့်စစ်ဆေးရမယ်လို့ုမြင်တယ်" ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဆိုသည်။
ယခုအခါ ဒေသတွင်း ကူးစက်မှုနှုန်းမြင့်မားနေသည့် စစ်တွေမြို့နယ်အား နေအိမ်တွင် နေထိုင်ရေး (Stay at Home)အမိန့်အပါအဝင် အသွားအလာကန့်သတ် မှုများကိုပါ အစိုးရက ဆောင်ရွက် ထားသည့်အတွက် ယင်းဒေသတွင် နေထိုင်သည့်ပြည်သူများ၏ စားဝတ်နေရေးအတွက် အစိုးရတွင် တာဝန် ပိုရှိလာသည်ဟုထင်မြင်ကြောင်း ဦးဖေသန်းက ပြောကြားသည်။
"မြို့တစ်မြို့ကို Lockdown ချထားပြီဆိုရင်တော့ အစိုးရက လူတွေဘယ်လိုနေထိုင် စားသောက်သလဲ၊ အဲဒီလူတွေ ဘယ်လိုအခက်အခဲရှိသလဲဆိုတာကို၊ Lockdown ချထားရုံနဲ့ မပြီးဘူး။ ဒါတွေကို လေ့လာပြီးတော့ အခက်အခဲတွေကို ကူညီရမှာပေါ့။ ကျန်းမာရေးနဲ့ဆိုင်တဲ့အခက်အခဲ၊ စားဝတ်နေရေးနဲ့ဆိုင်တဲ့အခက်အခဲ၊ Covid–19နဲ့ ပတ်သက်ပြီးတော့ဆောင်ရန်၊ ရှောင်ရန် ဗဟုသုတ တွေပေါ့။ အဲလိုဟာမျိုးကို အစိုးရက Lock ချထားတဲ့ မြို့တစ်မြို့၊ တခြားကနေလည်း မလာရ။ ကုန်စည် စီးဆင်းမှုဆိုတာလည်း မရှိတော့ဘူး။ ကားလမ်းလည်းပိတ်ပြီ။ လေယာဉ်လမ်းလည်း ပိတ်ပြီဆိုတော့။ အစိုးရက အထူးဧရိယာ အဖြစ် သတ်မှတ်ပြီးတော့ ဒီဒေသကလူတွေရဲ့ စားဝတ်နေရေး၊ နေရေးထိုင်ရေး၊ ကျန်းမာရေး၊ နောက် Covid -19 နဲ့ ပတ်သက်တဲ့ဗဟုသုတ၊ အကုန်လုံး အစိုးရမှာ ပိုပြီးတော့ တာဝန်ရှိလာတယ်လို့ ကျွန်တော်က မြင်တယ်ပေါ့နော်" ဟု ဦးဖေသန်းက ဆိုသည်။
ရခိုင်ပြည်နယ်သည် Covid - 19 ရောဂါပိုး ကူးစက်မှုနှုန်းမြင့်မားနေသော ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး တစ်ဘက်မှ ခိုးဝင်မှုများ များနေခြင်း၊ AA အဖွဲ့မှ ထောက်ပံ့ရေးကားများနှင့် ကျန်းမာရေးကားများအား လမ်းတွင်ဖမ်းဆီးးခြင်း၊ ပစ်ခတ်သတ်ဖြတ်နေခြင်းတို့ ပြုလုပ်နေခြင်းကြောင့် ကာကွယ်ခြင်း၊ ကုသခြင်းများ ဆောင်ရွက်ရန် အခက်အခဲများစွာရှိနေသည်။


Crd : May Yu Htar Nay #Myanmar_Online_News

0 comments:

Post a Comment