
ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ဆေးတက္ကသိုလ်တက်ရန် ဝါသနာပါကာ အမှတ်ပြည့်မီသည့် ကျောင်းသူကျောင်းသား ၅ ဦးကို ဆရာဝန်ဖြစ်သည်အထိ ပညာသင်ထောက်ပံ့ကြေးပေးသွားမည်ဖြစ်တယ်လို့ Lady Grace Diamond Land စိန်ဆိုင်မိသားစုက သိရပါတယ်။
ဆေးတက္ကသိုလ် တက်ချင်ပေမယ့် တက်ဖို့အမှတ်လည်း မီပေမယ့် မိသားစု အခက်အခဲကြောင့် တက်ခွင့်မရနိုင်တော့ဘူးဆိုပြီး အားငယ်နေကြတဲ့ သားငယ်သမီးငယ်တွေအတွက် ကျွန်မတို့၏ Lady Grace Diamond Land စိန်ဆိုင်မိသားစုမှ ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သွားကြသည့် သားငယ်သမီးငယ်များထဲမှ ဆေးတက္ကသိုလ်တက်ရန် ဝါသနာပါပြီး အမှတ်ပြည့်မီတဲ့ သားငယ်သမီးငယ် (၅) ဦးအား ဆရာဝန်ဖြစ်သည်အထိ ပညာသင်ထောက်ပံ့ကြေးပေးသွားရန် စီစဉ်လျက်ရှိပါသည် လို့ ဆိုပါတယ်။
ထောက်ပံ့ကြေး ရယူလျှောက်ထားလိုသူ သားငယ်သမီးငယ်များအနေဖြင့် ဆယ်တန်းအောင် လက်မှတ်မိတ္တူ၊ အမှတ်စာရင်းမိတ္တူ၊ ကိုယ်ရေးရာဇဝင် ၊ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါပတ် နှင့် အတူ မည်သည့်အတွက် ထောက်ပံ့ကြေးလျှောက်ထားလိုကြောင်း အကြောင်းအရာအပြည့်အစုံကို ရေးသားကာ Lady Grace Diamond Land Co.,Ltd အမှတ် ၈၄-စီ Golden Royal Sayarsan Condo ဆရာစံလမ်းသွယ် ဆရာစံလမ်း ၊ဗဟန်းမြို့နယ် ရန်ကုန်မြို့ ဖုန်း - 09788992000 ၊ 09788993000 ၊ 09788994000 ၊09788995000 ။09788996000 သို့ လူကိုယ်တိုင်ဖြစ်စေ စာတိုက်မှတဆင့်ဖြစ်စေ ပေးပို့လျှောက်ထားနိုင်ပြီး ရွေးချယ်ခံရသောကျောင်းသားအား ဖုန်းဆက်အကြောင်းကြားပေးသွား မည်ဖြစ်ပါတယ်လို့ဆိုပါတယ်။
ပညာသင်ထောက်ပံ့ကြေးလျှောက်ထားသူ များပြားပါက အလိုအပ်ဆုံးသူများအား စိစစ်ရွေးချယ် သွားမည်ဖြစ်ပြီး ရွေးချယ်ခံရကြောင်း အကြောင်းကြားခံရသူများအနေဖြင့် အမှတ်စာရင်းမူရင်း ၊ ဆယ်တန်းအောင်လက်မှတ်မူရင်း ၊ရပ်ကွက်ထောက်ခံစာမူရင်း ၊ရဲစခန်းထောက်ခံစာမူရင်း များ တင်ပြနိုင်ရပါတယ်လို့ဆိုပါတယ်။


crd-MyanmaPlatform #Myanmar_Online_News
>>Zawgyi<<
အမှတ်ပြည့်မီပြီး ဆေးကျောင်းတက်ဖို့ ခက်ခဲနေတဲ့ ကျောင်းသူကျောင်းသား ၅ ဦးကို Lady Grace Diamond Land စိန်ဆိုင်မိသားစုက ပညာသင်ဆုပေးမည်
Wednesday, August 12, 2020
ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ဆေးတက္ကသိုလ်တက်ရန် ဝါသနာပါကာ အမှတ်ပြည့်မီသည့် ကျောင်းသူကျောင်းသား ၅ ဦးကို ဆရာဝန်ဖြစ်သည်အထိ ပညာသင်ထောက်ပံ့ကြေးပေးသွားမည်ဖြစ် တယ်လို့ Lady Grace Diamond Land စိန်ဆိုင်မိသားစုက သိရပါတယ်။
ဆေးတက္ကသိုလ် တက်ချင်ပေမယ့် တက်ဖို့အမှတ်လည်း မီပေမယ့် မိသားစု အခက်အခဲကြောင့် တက်ခွင့်မရနိုင်တော့ဘူးဆိုပြီး အားငယ်နေကြတဲ့ သားငယ်သမီးငယ်တွေအတွက် ကျွန်မတို့၏ Lady Grace Diamond Land စိန်ဆိုင်မိသားစုမှ ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သွားကြသည့် သားငယ်သမီးငယ်များထဲမှ ဆေးတက္ကသိုလ်တက်ရန် ဝါသနာပါပြီး အမှတ်ပြည့်မီတဲ့ သားငယ်သမီးငယ် (၅) ဦးအား ဆရာဝန်ဖြစ်သည်အထိ ပညာသင်ထောက်ပံ့ကြေးပေးသွားရန် စီစဉ်လျက်ရှိပါသည် လို့ ဆိုပါတယ်။
ထောက်ပံ့ကြေး ရယူလျှောက်ထားလိုသူ သားငယ်သမီးငယ်များအနေဖြင့် ဆယ်တန်းအောင် လက်မှတ်မိတ္တူ၊ အမှတ်စာရင်းမိတ္တူ၊ ကိုယ်ရေးရာဇဝင် ၊ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါပတ် နှင့် အတူ မည်သည့်အတွက် ထောက်ပံ့ကြေးလျှောက်ထားလိုကြောင်း အကြောင်းအရာအပြည့်အစုံကို ရေးသားကာ Lady Grace Diamond Land Co.,Ltd အမှတ် ၈၄-စီ Golden Royal Sayarsan Condo ဆရာစံလမ်းသွယ် ဆရာစံလမ်း ၊ဗဟန်းမြို့နယ် ရန်ကုန်မြို့ ဖုန်း - 09788992000 ၊ 09788993000 ၊ 09788994000 ၊09788995000 ။09788996000 သို့ လူကိုယ်တိုင်ဖြစ်စေ စာတိုက်မှတဆင့်ဖြစ်စေ ပေးပို့လျှောက်ထားနိုင်ပြီး ရွေးချယ်ခံရသောကျောင်းသားအား ဖုန်းဆက်အကြောင်းကြားပေးသွား မည်ဖြစ်ပါတယ်လို့ဆိုပါတယ်။
ပညာသင်ထောက်ပံ့ကြေးလျှောက်ထားသူ များပြားပါက အလိုအပ်ဆုံးသူများအား စိစစ်ရွေးချယ် သွားမည်ဖြစ်ပြီး ရွေးချယ်ခံရကြောင်း အကြောင်းကြားခံရသူများအနေဖြင့် အမှတ်စာရင်းမူရင်း ၊ ဆယ်တန်းအောင်လက်မှတ်မူရင်း ၊ရပ်ကွက်ထောက်ခံစာမူရင်း ၊ရဲစခန်းထောက်ခံစာမူရင်း များ တင်ပြနိုင်ရပါတယ်လို့ဆိုပါတယ်။
crd-MyanmaPlatform #Myanmar_Online_News
0 comments:
Post a Comment