Thursday, August 20, 2020

ရှမ်းမြောက်ဒေသရှိ လုပ်ငန်းရှင်များထံမှ KIO/KIA လက်နက်ကိုင်အဖွဲ့ ဆက်ကြေးကောက်

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသကြီး မြို့နယ်များ၌ စီးပွားရေးလုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းရှင်အချို့ထံမှ KIO/KIA လက်နက်ကိုင်အဖွဲ့မှ ဆက်ကြေးကောက်ယူလျှက်ရှိသည်။
အလားတူ KIO/KIA အဖွဲ့သည် ရှမ်းမြောက်ဒေသဖြစ်သည့် ကွတ်ခိုင်မြို့၌ တည်ခိုခန်း လုပ်ကိုင်ဆောင်ရွက်နေ သည့် လုပ်ငန်းရှင်များထံ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဆက်ကြေးအဖြစ် တစ်နှစ်လျှင် ကျပ်(၁၀) သိန်း တောင်းယူလျှက်ရှိသည်။
“COVID ကာလဆိုတော့ ပေးဆောင်ရတာ အဆင်မပြေဘူး။ အခက်အခဲရှိတယ်။ လာရောက်တည်းခိုသူက မရှိသလောက်ပါ။ တရုတ်လုပ်ငန်းရှင်တွေလည် မလာတော့ ဝင်ငွေမရှိဘူး”လို့ ကွတ်ခိုင်မြို့၊ တည်းခိုခန်း လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ကွတ်ခိုင်ဒေသ၌ ဆက်ကြေးကောက်ယူနေသည့် KIO/KIA အဖွဲ့ တာဝန်ခံဖုန်းဖြစ်သည် (၀၉-၄၀၄၅၇၂၉၁၂) ထံ People Media က ဆက်သွယ်မေးမြန်းရာ “၎င်းတို့အနေဖြင့် ဖြေကြားရန်မရှိကြောင်း”ပြောဆိုသည်။
အလားတူ ရှမ်းမြောက်ဒေသ၌ လုပ်ငန်းလုပ်ကိုင်လျှက်ရှိသည့် ဘဏ်များ၊ ကုန်တင်ယာဉ်လိုင်များ၊ အဝေးပြေး ယာဉ်လိုင်များ၊ ဘော်ဒါဆောင်များ စသည့်ဖြင့် လုပ်ငန်းများထံမှ အဆိုပါ ဒေသရှိ လှုပ်ရှားနေသော လက်နက်ကိုင်အဖွဲ့များက ဆက်ကြေးကောက်ယူလျက်ရှိသည်။
Ref ; People Media

0 comments:

Post a Comment