Thursday, August 13, 2020

တပ်မတော်ကာကွယ်ရေးဦစီးချုပ်နှင့်တွေ့ဆုံမည်သတင်းအား Khit Thit Media(ခေတ်သစ်မီဒီယာ)မှ သတင်းဖော်ပြမှုနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီသတင်းထုတ်ပြန်ရေးအဖွဲ့သတင်းထုတ်ပြန်

Khit Thit Media(ခေတ်သစ်မီဒီယာ)သတင်းဌာနမှ အွန်လိုင်းပေါ်တွင် ယနေ့ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲ ပြုလုပ်မည့်သတင်းကို တင်ခဲ့ပါသည်။ ထိုသတင်းတွင် NDFပါတီဥက္ကဌ ဦးခင်မောင်ဆွေ၏ ပြောကြားချက်များကို ကိုးကားရေးသားဖော်ပြ ထားသည်ကို တွေ့ရှိရပါသည်။
အမှန်တကယ်တွင်မူ NDFပါတီဥက္ကဌ ဦးခင်မောင်ဆွေအနေနှင့် ထိုခေတ်သစ်မီဒီယာနှင့် ယနေ့တွင် တွေ့ဆုံအင်တာဗျူးပြုလုပ်ခြင်းနှင့် ဖုန်းဖြင့်ဆက်သွယ်အင်တာဗျုးဖြေကြားခြင်းများ မရှိခဲ့ပါ။ ထိုကြောင့် အဘယ်ကြောင့် ခေတ်သစ်မီဒီယာအနေဖြင့် NDFပါတီဥက္ကဌ ဦးခင်မောင်ဆွေအမည်ကိုသုံးပြီး ပါတီဥက္ကဌ က ဖြေကြားသေယောင်ယောင် သတင်းရေးသားခြင်းကို ကျွန်ုပ်တို့ နားမလည်ပါ။
သတင်းအမှန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံရေးပါတီများကိုတွေ့ဆုံရန်အတွက် ဖိတ်ကြားခြင်းမဟုတ်ဘဲ USDPပါတီ၏ ဦးဆောင်မှုဖြင့် နိုင်ငံရေးပါတီများအနေနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်တွေ့ဆုံကြရန် စီစဉ်လုပ်ကိုင်ကြခြင်းသာ ဖြစ်ပါသည်။
ထို့ကြောင့် NDFပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့်တွေ့ဆုံအင်တာဗျူးခြင်းမရှိဘဲ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ ဖြေကြားသယောင်ယောင် ရေးသားဖော်ပြခြင်းသည် နိုင်ငံရေးအရ အောက်တန်းကျကျ ထိုးနှက်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ကျွန်ုပ်တို့ NDFပါတီက ရှုမြင့်ပါသည်။
ထို့ကြောင့် ခေတ်သစ်မီဒီယာအနေဖြင့် ထိုသတင်းဖော်ပြချက်ကို အပြင်းအထန် ကန့်ကွက်ရှုတ်ချ ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
Crd : National Democratic Force Party

0 comments:

Post a Comment