
ယနေ့ (သြဂုတ် ၁၃ရက်ရက်) နံနက် ၁၀နာရီအချိန်တွင် အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ်(၁၀)ဖွဲ့ ထိပ်သီးခေါင်းဆောင်များတက်ရောက်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)ကို နေပြည်တော်၌ စတင်ကျင်းပ လျက်ရှိကြောင်း သိရသည်။
ယခု (၉)ကြိမ်မြောက်ဖြစ်သည့် ယခု JICM အစည်းအဝေးသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် (၁၀)ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များတက်ရောက်နေပြီး ၂၁ရာစုပင်လုံညီလာခံ အနှစ်သာရပြည့်ဝစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေး ဆွေးနွေးညှိနှိုင်းသွား မည်ဖြစ်ကြောင်း သိရသည်။


0 comments:
Post a Comment