Monday, August 10, 2020

၂၁ရာစု ပင်လုံ အတွက် “JICM အကြိုညှိနှိုင်းအစည်းအဝေး နေပြည်တော်တွင် ကျင်းပ

(၉)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) ကျင်းပနိုင်ရေးအတွက် အစိုးရ၊ တပ်မတော်နှင့် EAOs အဖွဲ့မှ ကိုယ်စားများမှ အကြိုညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ယနေ့နံနက်က နေပြည်တော်ရှိ NRPC တွင် ကျင်းပခဲ့သည်။
ယခုအစည်းအဝေးတွင် ၂၁-ရာစုပင်လုံညီလာခံ စတုတ္တအစည်းအဝေးဆိုင်ရာကိစ္စရပ်များနှင့် (၉)ကြိမ်မြောက် JICM အစည်းအဝေးအတွက် ပြင်ဆင်မှုများကို ဆွေးနွေးညှိနှိုင်းကြမည်ဖြစ်သည်။
(၈)ကြိမ်မြောက် JICM အစည်းအဝေးကို ယခုနှစ် ဇန်နဝါရီ ၈ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည့် တက်ရောက်ခဲ့သည်။
Crd : 7days

0 comments:

Post a Comment