Monday, August 24, 2020

လစ်ဗျားနိုင်ငံဆိုင်ရာ လွတ်လပ်သောအချက်အလက်ရှာဖွေရေးအဖွဲ့ (IFFM) အတွက် အဖွဲ့ဝင်များ ခန့်အပ်ခြင်းကို UN မှ ကြိုဆိုလျက်ရှိ

လစ်ဗျားနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အလွဲသုံးမှုနှင့်ပတ်သက် သော စွပ်စွဲချက်များကို မှတ်တမ်းတင်ရန်အတွက် လွတ်လပ်သော ကျွမ်းကျင်ပညာရှင် များအဖွဲ့၏ အဖွဲ့ဝင်များခန့်အပ်ခြင်းကို လစ်ဗျားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂထောက်ပံ့ရေး မစ်ရှင် (UNSMIL) မှ ကြိုဆိုလျက်ရှိပါသည်။
အဆိုပါ အဖွဲ့ကို တာဝန်ပေးသည့် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က “လစ်ဗျားနိုင်ငံတွင် လုံခြုံရေးအခြေအနေများ ယိုယွင်းပျက်စီးလာပြီး ကောင်းမွန်စွာလည်ပတ်နိုင်သည့် တရားစီရင်မှုစနစ် မရှိခြင်း ကြောင့်” ဤလှုပ်ရှားမှုပြုလုပ်ရန် လိုအပ်လာကြောင်းပြီးခဲ့သောဗုဒ္ဓဟူးနေ့တွင် ပြောကြား ခဲ့ပါသည်။
အဖွဲ့ဝင်များမှာ ဥက္ကဋ္ဌအဖြစ် မော်ရိုကိုနိုင်ငံမှ Mohamed Auajjare၊ ဂျမေကာမှ Tracy Robison နှင့် ဂမ်ဘီယာ/ယူကေမှ Chaolka Beyani တို့ဖြစ်ကြပါသည်။
“၂၀၁၆ ခုနှစ်ကတည်းကစတင်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုနှင့် လူ့အခွင့်အရေးဥပဒေနှင့်အညီ စွပ်စွဲထားသော ချိုးဖောက်မှုနှင့် အလွဲသုံးမှုအပေါ် ပြီးပြည့်စုံပြီး ဘက်မလိုက်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွား မည်”ဟု UNSMIL မှ ပြောကြားခဲ့ပါသည်။
Bachelet ပြောကြားခဲ့သည့် စွပ်စွဲထားသော အချို့ချိုးဖောက်မှုနှင့် အလွဲသုံးစား မှုများမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းနှင့် ဥပဒေမဲ့ကွပ်မျက်ခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်းနှင့် လူသားမဆန်စွာပြုမှုဆက်ဆံခြင်း၊ လိင်အခြေပြုအကြမ်းဖက်မှုများ ဖြစ်သော ပဋိပက္ခနှင့်စပ်လျဉ်း၍ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ အဓမ္မခေါ်ဆောင် ခြင်း၊ အင်အားသုံးဖျက်စီးခြင်း၊ ဆိုရှယ်မီဒီယာအသုံးပြု၍ အကြမ်းဖက်မှုများ ဖြစ်ပွားစေ ရန် လှုံဆော်ခြင်းတို့ဖြစ်ပါသည်။
UNSMIL မှ လစ်ဗျားအာဏာပိုင်များအား ၎င်းတို့နှင့်အတူ အပြည့်အဝပူးပေါင်း ဆောင်ရွက်ပေးရန် အကြံပြုတိုက်တွန်းခဲ့ပါသည်။ ထို့ပြင် အဆိုပါ လုပ်ဆောင်မှုသည် လစ်ဗျားနိုင်ငံတွင် ပြစ်ဒဏ်ပေးမခံရခြင်းတို့ကို အဆုံးသတ်ပြီး လူ့အခွင့်အရေးချိုးဖောက် မှုနှင့် အလွဲသုံးမှုများကို ထပ်မံ မဖြစ်ပွားစေရေးအတွက် ကာကွယ်ရန်မရှိမဖြစ်လိုအပ် သော လုပ်ဆောင်ချက်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
လစ်ဗျားနိုင်ငံဆိုင်ရာ လွတ်လပ်သောအချက်အလက်ရှာဖွေရေးမစ်ရှင်သည် လူ့အခွင့်အရေးကောင်စီသို့ စက်တင်ဘာလတွင် နှုတ်ဖြင့်တင်ပြခြင်းကို ပြုလုပ်သွားမည် ဖြစ်ပြီး စာတမ်းဖြင့် အစီရင်ခံတင်ပြခြင်းကို ၂၀၂၁ ခုနှစ် အတွင်း ပြုလုပ်သွားမည်။
၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှ ဆွဲချအစိုးရရှေ့နေ Fatou Bensoude သည် လစ်ဗျားနိုင်ငံအတွင်း လူအမြောက်အမြားသေဆုံးနေရမှုများနှင့် စပ်လျဉ်း၍ လူသားချင်းစာနာထောက်ထားမှုကို ဆန့်ကျင်သည့် ပြစ်မှုများနှင့် စစ်ပွဲ ဆိုင်ရာ ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ပြောကြားခဲ့ ပါသည်။
၂၀၁၁ ခုနှစ်မှစ၍ လစ်ဗျားနိုင်ငံတွင် ပဋိပက္ခများဖြစ်ပွားနေခဲ့ပြီး UN မှ ကျောထောက် နောက်ခံပြုထားသော National Accord မှ ခေါင်းဆောင် Khalifa Haftar ဦးဆောင်သော လစ်ဗျားအမျိုးတော်စစ်တပ် (LNA) ကို ရင်ဆိုင်တိုက်ခိုက်ခဲ့သည့် လွန်ခဲ့သော တစ်နှစ်ခွဲကျော် ကာလမှစ၍ ထိတွေ့တိုက်ခိုက်မှုများပိုမိုပြင်းထန်လာခဲ့ ပါသည်။
>>zawgyi<<

0 comments:

Post a Comment