
OIC ကိုကိုယ်စားပြု၍ ဂမ်ဘီယာနိုင်ငံမှတရားစွဲဆိုထားသည့် ICJ အမှုတွင်မြန်မာနိုင်ငံဘက်မှနေ၍ ရပ်တည်ဆောင်ရွက်ပေးနိုင်ကြောင်း Orchid Hotel ပိုင်ရှင်ဦးဌေးအောင်က ပြောသည်။
House Of Orchid တွင်ပြုလုပ်သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတရားမျှတရေးအတွက် နိုင်ငံတကာအထောက်အပံ့ရယူထားမှုကိစ္စရပ်များအား နိုင်ငံရေးပါတီဥက္ကဋ္ဌကြီးများနှင့် ခေါင်းဆောင်များကို ရှင်းလင်း တင်ပြတိုင်ကြားသည့် အခမ်းအနားတွင် ပြောခဲ့ခြင်းဖြစ်သည်။
“OIC ခေါင်းဆောင်ကြီးဖြစ်တဲ့နိုင်ငံကပင်လျှင်ကိုယ်တိုင်ခန့်အပ်တာပဲ၊ နိုင်ငံတော်နဲ့သာမင်းလာခဲ့ပါ၊ မင်းလိုလူမျိုးက အင်မတန်လည်းဝင်ဆံ့တယ် ငါတို့မြင်တာတော့၊ ဒီဘက်ကလူတွေကိုလည်း မင်းပြေပြေပြစ်ပြစ်ရှိတယ်၊ ငါတို့တော့ အဲဒီလိုလူမတွေ့သေးဘူး ဒီထဲမှာ၊ လာလိုက်လို့ရှိရင် သူတို့ကိုယ်ရေးကိုယ်တာတွေချည်းပြောသွားတာတွေ့ရတယ်၊ မင်းကတော့ အများအတွက်လုပ်တာဖြစ်တဲ့အတွက် ငါတို့တော့မင်းကို appoint လုပ်လိုက်တာပဲ” ဟု House of Orchid ပိုင်ရှင် ဦးဌေးအောင်က ပြောသည်။
ဘင်္ဂါလီများကို လူမျိုးသုဉ်းသတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံကို Organisation of Islamic Country(OIC) မှ ဂမ်ဘီယာ တရားရေးဝန်ကြီးနှင့် ရှေ့နေချုပ်အဘူဘာကာတမ်ဘာဒူးသည် နယ်သာလန်နိုင်ငံ ဟိဂ်မြို့သို့ သွားရောက်ပြီး နိုင်ငံတကာတရားရုံး(ICJ)တွင် (OIC) နိုင်ငံများကိုယ်စား တရားစွဲဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
Crd : သတင်းစာရှင်းလင်းပွဲ #UHtayAung #Myanmar_Online_News
0 comments:
Post a Comment