Tuesday, August 18, 2020

ဂွမြို့နယ်တွင် တန်ဖိုးကျပ်(၃၁)ဘီလီယံကျော်တန်ဖိုးရှိတဲ့ ICE (၁)တန်ကျော်ကို ဖမ်းမိ

မလေးရှားနိုင်ငံကိုတင်ပို့မယ့်(၃၁)ဘီလီယံကျော်တန်ဖိုးရှိတဲ့ ICE မူးယစ်ဆေးဝါးတွေကို ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကြိန်တလီမြို့မှာ ဩဂုတ်လ (၁၆)ရက်နေ့က သိမ်းဆည်းရမိခဲ့တယ်လို့ သက်ဆိုင်ရာနယ်မြေရဲစခန်းက သိရပါတယ်။
အဲဒီ ICE တွေကို ကြိန်တလီမြို့၊ ရမ္မာကျွန်းကျေးရွာဝန်းကျင်၊ မောင်းဒေါင့်ချောင်းထဲက စက်လှေပေါ်မှာ သြဂုတ်လ(၁၆)ရက်နေ့က ပိုင်ရှင်မတွေ့ဘဲ သိမ်းဆည်းရမိခဲ့ပြီး တရားခံဖမ်းမိရရှိရေးအတွက် ဆက်ဆောင်ရွက်ချိန်မှာတော့ ဩဂုတ်လ(၁၆)ရက်နေ့မှာပဲ ဆက်စပ်တရားခံလို့ထင်ရသူ(၄)ယောက်ကို ကြိန်တလီမြို့အဝင်မှာ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် တိမ်းရှောင်နေသူတစ်ယောက်ကိုလည်း သြဂုတ်လ(၁၇)ရက်နေ့မှာ ကြိန်တလီမြို့၊ စမ်းချောင်းကျေးရွာ မြောက်ဘက်ချောင်းထဲမှာ ဖမ်းဆီးရမိခဲ့ပြီး အဲဒီ(၅)ယောက်ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဥပဒေနဲ့ ကြိန်တလီမြို့နယ်ရဲစခန်းမှာ မယ(ပ)၁/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ နဲ့ အမှုဖွင့်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ(၃၁)ရက်နေ့တုန်းကလည်း ရန်ကုန်တိုင်းဒေသကြီးကွမ်းခြံကုန်းမြို့နယ်၊ ဆယ်အိမ်တန်းကျေးရွာမှာ မလေးရှားနဲ့အင်ဒိုနီးရှားကိုပို့ဆောင်မယ့် ICE ကီလိုဂရမ်(၁၀၀၀)နီးပါးကို ဖမ်းဆီးရမိခဲ့ပြီး ဒေသပေါက်ဈေးအရကျပ်ဘီလီယံ(၈၀)နီးပါး တန်းဖိုရှိတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
>>zawgyi<<

0 comments:

Post a Comment