Friday, August 14, 2020

ကျပ်ဘီလီယံ (၈၀) နီးပါး တန်ဖိုးရှိပြီး မလေးရှားနှင့် အင်ဒိုနီးရှားကို ပို့မယ့် ICE တွေကို ရန်ကုန်မှာဖမ်းမိ

ကျပ်ဘီလီယံ(၈၀)နီးပါးတန်းဖိုးရှိပြီး မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံကိုပို့မယ့် ICE(ဖက်သ်အဖက်တမင်း)တွေကိုရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံကြားထဲက ရေပြင်ကိုသယ်မယ့် ငွေကျပ် (၇၉.၉၈)ဘီလီယံကျော်တန်ဖိုးရှိတဲ့ ICE တွေကို ဇူလိုင်လ(၃၁)ရက်နေ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး သြဂုတ်လ(၁၃)ရက်နေ့မှ ရဲတပ်ဖွဲ့က ထုတ်ပြန် လိုက်တာပါ။
ဇူလိုင်လ(၃၁)ရက်နေ့ညက ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာအုပ်စု၊ ဆယ်အိမ်တန်းကျေးရွာ တံငါလှေဆိပ်နားမှာ ရပ်တန့်ထားတဲ့ NISSAN CARAVAN အမျိုးစာမော်တော်ယာဉ်ပေါ်ကနေ ရဲဝေလင်းနဲ့အတူ ICE (၉၉၉.၈)ကီလို နဲ့ SPEED Boat တစ်စီးကို သိမ်းဆည်းရမိခဲ့တာလို့ သိရပါတယ်။
ဒါကြောင့်အမှုနဲ့ဆက်စပ်ပြီးတော့ပါဝင်တဲ့သူ(၇)ယောက်ကို လိုက်ဖမ်းခဲ့တာမှာ ရန်ကုန်၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ကရင်ပြည်နယ် လိပ်သိုမြိုနယ်၊ ရှမ်းပြည်တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်တို့မှာ ဩဂုတ်လ(၁)ရက်နေ့ကနေဩဂုတ်လ(၉)ရက်အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Ref ; O Media

0 comments:

Post a Comment