Friday, August 21, 2020

တရုတ်နိုင်ငံမှ ၎င်း၏ Gaofen -7 ဂြိုလ်တုကို တရားဝင်အသုံးပြု

တရုတ်နိုင်ငံ၏ ကမ္ဘာမြေလေ့လာရေးဂြိုလ်တု Gaofen – 7 ကို တရားဝင်အနေ ဖြင့် အသုံးပြုခဲ့ကြောင်း တ ရုတ်နိုင်ငံအမျိုးသားအာကာသစီမံခန့်ခွဲရေးမှ ဩဂုတ်လ ၂၀ ရက်နေ့ (ယနေ့)တွင် ပြောကြားခဲ့ပါသည်။
၎င်းကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး Gaofen–7 သည် တရုတ်နိုင်ငံ၏ အဆင့်မြင့်ကမ္ဘာမြေလေ့လာရေးစီမံကိန်း၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။၎င်းသည် နိုင်ငံ၏ပထမဆုံးသော civil- use optical transmission သုံးဘက်မြင်စစ်ဆေးတိုင်းတာနိုင်သည့် ဂြိုလ်တု တစ်ခုဖြစ်ပြီး ဂြိုလ်တုရောက်ရှိသည့်နေရာမှ အကြောင်းအရာခွဲများကို ရှင်းလင်းပြတ် သားစွာ မြေပုံထုတ်နိုင်ပါသည်။
Gaofen – 7 သည် ပထဝီအနေအထားကိုလေ့လာစောင့်ကြည့်ခြင်း၊ အိမ်ယာ နှင့်မြို့ပြကျေးလက်ဆောက် လုပ်ရေးနှင့် အမျိုးသားဆိုင်ရာစာရင်းအင်းများကို လေ့လာ စောင့်ကြည့်ရာတွင် ဖြစ်ပေါ်သည့်ပြဿနာများကို ကူညီဖြေရှင်းပေးနိုင်လိမ့်မည် ဖြစ်ပါသည်။ တရုတ်အာကာသနည်းပညာဆိုင်ရာအကယ်ဒမီ၏ Gaofen – 7 တည်ဆောက်ရေးအကြီးအကဲမှ Xinhua သတင်းအေဂျင်စီသို့ ကိုးကားပြောဆိုခဲ့ပါ သည်။
Source - CGTN #Myanmar_Online_News

0 comments:

Post a Comment