Thursday, August 13, 2020

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးသို့ ဖိတ်ကြားလာခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC၏ သဘောထားထုတ်ပြန်ချက်

လာမည့် ဩဂုတ်လ(၁၉ရက်နေ့မှ၂၁ရက်နေ့)အထိကျင်းပရန် ရှိနေသော ၂၁ ရာစုပင်လုံ ပြည်ထောင် စု ငြိမ်းချမ်းရေးညီလာခံသည် ကိုဗစ်ကပ်ရောဂါ ကာလ ဖြစ်ပွားနေချိန်တွင် ကျင်းပသည့်အတွက် မြောက်ပိုင်းမဟာမိတ် ၆ ဖွဲ့ တက်ရောက်နိုင်မည်မဟုတ်သော်လည်း ဂုဏ်ပြုကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ FPNCC က ယနေ့ ကြေညာချက်ထုတ်ပြန်သည်။
သို့ရာတွင် AA ကို မဖိတ်ကြားသည့်အတွက် မိမိတို့အနေဖြင့် များစွာ စိတ်မကောင်းဖြစ်မိကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရန် FPNCC အနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံး မြင့်မြတ်သော စိတ်ထားများဖြင့် မတူညီသော အမြင်သဘောထားများကို ဖယ်ရှားပြီး နိုင်ငံရေးတောင်းဆိုချက်များကို သဘောထားကြီးကြီးဖြင့် နားဆင်ပေးပါရန် မေတ္တာရပ်ခံကြောင်း ဖော်ပြထားသည်။

0 comments:

Post a Comment