
မကြာမီ ကျင်းပမယ့် ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစု ပင်လုံသို့ FPNCCအဖွဲ့အနေနဲ့ တက်ရောက်မည် မဟုတ်ကြောင်း ဒီကနေ့ ပြုလုပ်တဲ့ ပန်ဆန်းဆွေးနွေးပွဲမှာ ဆုံးဖြတ်လိုက်ပါတယ်။
အဲဆွေးနွေးပွဲကို တက်ရောက်သူ တစ်ဦးဖြစ်တဲ့ TNLAရဲ့ ဗိုလ်မှူးးချုပ် တာဘုန်းကျော်က "ကျွန်တော်တို့ ၆ဖွဲ့ကို ဖိတ်တဲ့အတွက် ကျေးဇူးတင်တယ်။ ဒါမဲ့ AAကို မဖိတ်တဲ့အတွက် မတက်ရောက်နိုင်ဘူး။ မတက်ရောက်ရတာနဲ့ပတ်သတ်ပြီးတော့ စတိတ်မန့်လည်း ထုတ်ဖို့လုပ်နေပါပြီ"လို့ ရွှေဖီမြေကို ပြောပါတယ်။
ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစုပင်လုံကို လာမယ့် သြဂုတ်လ ၁၉ရက်နေ့မှာ စတင်ကျင်းပသွားမှာဖြစ်ပါတယ်။
AA အဖွဲ့ဟာ TNLA၊ MNDAA တို့နဲ့ ညီနောင်မဟာမိတ်ဖြစ်ပြီး အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့အဖွဲ့လည်း ဖြစ်လို့ AAကို ညီလာခံသို့ အစိုးရဘက်က မဖိတ်တာဖြစ်ပါတယ်။

Crd : Shwe Phee Myay
0 comments:
Post a Comment