Friday, August 21, 2020

သရက်ချောင်းမြို့နယ်မှ Facility Quarantine ဝင် အမျိုးသမီးတစ်ဦး ထားဝယ်မြို့ပြည်သူ့ဆေးရုံးကြီးတွင် ရောဂါအခံဖြင့် သေဆုံး

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် မြို့တော်ခန်းမတွင်ထားရှိ သည့် Facility Quarantine ဝင် အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်တင်တင်ခိုင်(၅၁)နှစ် သည် သြဂုတ်၂၀ ရက်နေ့ မွန်းလွဲပိုင်းက ထားဝယ်မြို့ ပြည်သူ့ဆေးရုံးကြီးတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ပါသည်။
အဆိုပါဖြစ်စဉ်မှာ သရက်ချောင်းမြို့ မော်ရှည်ကုန်းရပ်ကွက်နေ ဒေါ်တင်တင်ခိုင်(၅၁)နှစ် သည် ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ခဲ့ရာမှ မြန်မာနိုင်ငံသို့ မြဝတီနယ်စပ်ဂိတ်မှတစ် ဆင့် ပြန်လည်ဝင်ရောက်ခဲ့ရာ (၅-၈-၂၀၂၀)ရက်နေ့၌ ရောက်ရှိခဲ့ပြီး သရက်ချောင်းမြို့ မြို့တော် ခန်းမတွင် Facility Quarantine ထားရှိ၍ အသွားအလာ စောင့်ကြပ်ကြည့်ရှုခဲ့သည်။ (၁၃-၈-၂၀၂၀) ရက်နေ့တွင် (Covid-19)ရောဂါပိုး ရှိ/မရှိ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် (Swab)နမူနာရယူ စစ်ဆေးခဲ့ရာ (Negative) အဖြေရရှိခဲ့သူ ဖြစ်ပါသည်။
သေဆုံးသူ ဒေါ်တင်တင်ခိုင်(၅၁)နှစ်တွင်ဆီးချိုရောဂါရင့်မာနေခြင်း၊ သွေးတိုးရောဂါရှိခြင်း ၊ နာတာရှည်ကျောက်ကပ်ချို့ယွင်းခြင်းရောဂါနှင့် ကိုယ်တွင်းအင်္ဂါများပျက်စီးခြင်း စသည့်ရောဂါ အခံများကြောင့်သာ သေဆုံးခြင်းဖြစ်ပြီး ၎င်းသည် နေရပ်ပြန်(Covid-19 ရောဂါ ဖြစ်ပွားသော ထိုင်းနိုင်ငံမှ) နေရပ်ပြန်လာခြင်းမှ လွဲ၍ (Covid-19 ရောဂါ လက္ခဏာများ၊ တွေ့ရှိချက်များဆင်တူခြင်း၊ ပေါ်ပေါက်ခြင်းများ လုံးဝ(လုံးဝ) မရှိပါကြောင်း သရက်ချောင်းမြို့နယ်ကုသရေးဦးစီးဌာနမြို့နယ်‌ဆရာဝန်ကြီးထံမှသိရပါသည်။
သေဆုံးသူမှာ (Facility Quaran tine) တွင် နေထိုင်ခဲ့သည့်ရက် (၂၁)ရက် ပြည့်မြောက်ခြင်းမရှိသေးသော ကြောင့် သေဆုံးသူနေ အိမ်သို့ ပြန်လည်သယ်ဆောင်လာခြင်းမပြုဘဲ ထားဝယ်မြို့တွင်သာ သင်္ဂြိုဟ်လိုက်ကြောင်း သိရှိ ရပါသည်။
Source - Iprd Thayetchaung

0 comments:

Post a Comment