Thursday, August 13, 2020

အိန္ဒိယတွင် တမန်တော်မိုဟာမက်ကို စော်ကားသော facebook ပို့စ်တစ်ခုကြောင့် အဓိကရုဏ်းဖြစ်ပွား

အိန္ဒိယတွင် မွတ်ဆလင်ဘာသာရဲ့အထွတ်အမြတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ တမန်တော်မိုဟာမက်ကို လှောင်ပြောင် စော်ကားတဲ့ Facebook ပို့စ်တစ်ခုနဲ့ပတ်သက်ပြီး ယမန်နေ့က အိန္ဒိယနိုင်ငံ၊ ဘန်ဂါလိုမြို့မှာ အဓိကရုဏ်း ဖြစ်ပွားခဲ့မှုကြောင့် အနည်းဆုံးလူ ၃ ဦးသေဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။
အဆိုပါ ဒေါသထွက်နေတဲ့ မွတ်ဆလင်ဘာသာဝင် လူအုပ်ဟာ ပို့စ်တင်ခဲ့တယ်လို့ သံသယရှိသူနဲ့ ဆွေမျိုးတော်စပ်တဲ့ နိုင်ငံရေးသမားတစ်ဦးရဲ့အိမ်ကို ဝိုင်းပြီး တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါမွတ်စလင်အုပ်စုဟာ မော်တော်ကားတွေကို မီးတင်ရှို့ခဲ့သလို ရဲတွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့တာကြောင့် အခုလိုအဓိကရုဏ်း ဖြစ်ပွားခဲ့ရတာပဲဖြစ်ပါတယ်။
ဒီဖြစ်ရပ်မှာ သေဆုံးသူတွေအပြင် ရဲတပ်ဖွဲ့ဝင်ပေါင်း ၆၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် တိုက်ခိုက်သူ ၁၀၀ ကျော်ကို ဖမ်းဆီးထိမ်းသိမ်းနိုင်ခဲ့ကြောင်း ဘန်ဂါလိုရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Ref : BBC

0 comments:

Post a Comment