Sunday, August 16, 2020

လူမှုကွန်ရက် Facebook စာမျက်နှာတွင် ပါတီသတင်းများ boost လုပ်၍ မရတော့ကြောင်း UBP တာဝန်ရှိသူပြောကြား

ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP)အနေနဲ့ ၎င်းတို့ပါတီရဲ့ ဆောင်ရွက်များကို လူအများသိစေရန်အတွက် facebook ကတဆင့် boost လုပ်လို့မရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ပါတီ ပြန်ကြားရေးတာဝန်ခံ ဒေါ်စုစုလှိုင်ကပြောပါတယ်။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီရဲ့ ပါတီမူဝါဒရေးရာ မိတ်ဆက်ခြင်း သတင်းစာရှင်းလင်းပွဲမှာ ဒေါ်စုစုလှိုင်က ယခုလို ပြောဆိုခဲ့တာပါ။
“ဒီကိစ္စက ပါတီအားလုံး ရင်ဆိုင်နေကြရတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ boost လုပ်တဲ့နေရာမှာ အခြားပါတီဝင်အသီးသီးပါ ရင်ဆိုင်နေရပါတယ်။ ပါတီတွေရဲ့ ဆောင်ရွက်ချက်တွေကို Boost လုပ်တဲ့အခါ လုပ်မရတာတွေ ရင်ဆိုင်တွေ့နေရပါတယ်။ သံသယဖြစ်ဖွယ်တွေ့လာရပါတယ်”လို့ ဒေါ်စုစုလှိုင်ကပြောပါတယ်။
ကိုဗစ်ကာလအတွင်းမှာ ပါတီဆောင်ရွက်ချက်တွေကို ဒီဂျစ်တယ် ပလက်ဖောင်းကတဆင့် ပြည်သူများသိစေဖို့ လုပ်ဆောင်ရမှာဖြစ်ပေမယ့်လည်း လက်ရှိအခြေအနေမှာ ခက်ခဲမှုနဲ့ ရင်ဆိုင်နေရတယ်လို့ UBP ပါတီ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။
“ဒီဥစ္စာတွေက အခြားပါတီတွေလည်း ရင်ဆိုင်နေရတယ်။ ကျွန်မတို့ပါတီကလည်း ရင်ဆိုင်နေရတယ်။ အများကြီး ရင်ဆိုင်လာရပြီဆိုရင် ရွေးကောက်ပွဲကော်မရှင်ကို မေးခွန်းထုတ်စရာ ဖြစ်လာပါလိမ့်မယ်”လို့ ဒေါ်စုစုလှိုင်ကပြောပါတယ်။
ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီအနေနဲ့ လာမယ့် ၂၀၂ဝရွေးကောက်ပွဲမှာ မြို့နယ်ပေါင်း ၂၆၁မြို့နယ်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၆၀၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ ်၁၃၉၊ တိုင်းဒေသကြီး /ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၂၅၂၊ တိုင်းရင်းသားကိုယ်စားလှယ် ၂၅ဦး စုစုပေါင်း ၉၂ရဦးနဲ့ ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Crd : MyanmarPlatForm

0 comments:

Post a Comment