Saturday, August 8, 2020

နေပြည်တော်-ရန်ကုန်ဘက်ခြမ်း အမြန်လမ်း မိုင်တိုင် (၁၃/၄)အနီးတွင် မန္တလာမင်း Express မှန်လုံယာဉ် တိမ်းမှောက်မှုဖြစ်ပွား

ယနေ့ ၈.၈.၂၀၂၀ရက်နေ့ နံနက် ၀၃၃၀ အချိန်ခန့် တွင်နေပြည်တော်-ရန်ကုန်ဘက်ခြမ်းမိုင်တိုင် (၁၃/၄)အနီးတွင် ယာဥ်မောင်း ဥာဏ်နိုင်လင်း မောင်းနှင်လာသည့်ယာဥ်အမှတ် YGN= 4Q/----- Higer အမျိုးအစား၊မန္တလာမင်း Express မှန်လုံယာဥ်သည်ဝဲဘက်ရှေ့ဘီးပေါက်ပြီးလမ်းလယ်ကျွန်းတွင် ကာရံထားသည့်ကတ်တုံးများအား ဝင်ရောက်တိုက်မိပြီးလမ်းလယ်ကျွန်းပေါ်၌ဘေးတစောင်းလဲကျတိမ်းမှောက်သွားခဲ့သဖြင့်ယာဥ်ပေါ်ပါ ခရီးသည်များအနက်ကျား (၂)+မ (၂) စုစုပေါင်း(၄)ဦးဒဏ်ရာရရှိသွားပြီးဒဏ်ရာရ(၄)ဦးအနက် မ(၁)ဦးမှာ
စိုးရိမ်ဒဏ်ရာရရှိသွားပါသည်။
အဆိုပါ ယာဥ်မတော်တဆမှုကြောင့်လမ်းဘေးကတ်တုံး(၂၅)တုံးနှင့်တံတားတွင်ကာရံထားသည့်ဘုတ်တိုင် (၃)တိုင်ပျက်စီးကာယာဥ်၏ ရှေ့လေကာမှန်ကွဲ၊ရှေ့ဘန်ဘာကျိုးသွားခဲ့သဖြင့်အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်များအမြန်လမ်းမကြီးမီးသတ်တပ်ဖွဲ့ဝင်များနှင့်အထောက်အကူပြုအဖွဲ့များမှယာဉ်ကြောပိတ်ဆို့မှုမရှိရေးဒဏ်ရာရရှိသူများအားဆေးရုံသို့အချိန်မီ လိုက်ပါပို့ဆောင်ခြင်းစသည့်ကူညီဆောင်ရွက်ဖွယ်ရာများအားကူညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။
Crd : အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး #Myanmar_Online_News

0 comments:

Post a Comment