Thursday, August 13, 2020

တရုတ်နိုင်ငံပြည်မကြီးမှ DPP ပါတီအား ဟောင်ကောင်အပေါ်နိုင်ငံရေးအရခြယ်လှယ် မှုများပြုလုပ်နေခြင်းကို ရပ်တန့်ရန်တိုက်တွန်းခဲ့

ဩဂုတ်လ ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံပြည်မကြီးမှ ထိုင်ဝမ်ဒီမိုကရက် တိုးတက်ရေးပါတီ DPP မှ အာဏာပိုင်များအား ဟောင်ကောင်းအရေးကိစ္စအပေါ် နိုင်ငံရေးအရ ဝင်ရောက်ခြယ်လှယ်နေမှုများကို ရပ်တန့်ရန်အတွက် တရုတ်နိုင်ငံ ပြည်မကြီး၏ ပြောခွင့်ပုဂ္ဂိုလ်များမှ တိုက်တွန်းပြောဆိုခဲ့ပါသည်။
ဟောင်ကောင်၏ အမျိုးသားလုံခြုံရေးဉပဒေသည် ဟောင်ကောင်၏ အချူပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အကျိုးစီးပွားများ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ် အေးချမ်းမှု၊ ကြွယ်ဝချမ်းသာမှုတို့ကို ရေရှည်ထိန်းသိမ်းထားရေးနှင့် one country , Teo system ကို မှန်ကန်စွာအကောင်အထည်ဖော်ရန်ရည်ရွယ်ကြောင်း နိုင်ငံတော်ကောင်စီ၏ ထိုင်ဝမ်ရေးရာရုံးမှ ပြောခွင့်ရတစ်ဦးဖြစ်သူ Ma Xiaoguang မှ ပြောကြားခဲ့ပါသည်။
ထိုင်ဝမ်လွတ်မြောက်ရေးကို အားပေးထာက်ခံသော DPP အာဏာပိုင်များနှင့် အဖွဲ့များသည် ဟောင်ကောင်အရေးတွင် ဟောင်ကောင်လွတ်လပ်ရေးနှင့် တရုတ်နိုင်ငံ ကိုဆန့်ကျင်သောနိုင်ငံတကာမှအင်အားစုများနှင့်အတူ ဝင်ရောက်စွက်ဖက်ရန်နှင့် ပြဿနာများကိုဖန်တီးရန် ပူးပေါင်းကြံစည်ခဲ့ကြကြောင်း ပြောခွင့်ရပုဂ္ဂိုလ်မှ မှတ်ချက် ပြုပြောကြားခဲ့ပါသည်။
DPP အာဏာပိုင်များ၏ အမှန်တကယ်ရည်ရွယ်ချက်မှာ ဟောင်ကောင်ကို ပရမ်းပတာဖြစ်စေရန်နှင့် ထိုင်ဝမ်လွတ်လပ်ရေးရရန်တို့ဖြစ်ကြောင်း Ma Xiaoguang မှ ပြောကြားခဲ့ပါသည်။
Source : CGTN
Chinese mainland urges DPP to stop political manipulation over HK

0 comments:

Post a Comment