Thursday, August 13, 2020

ရွေးကောက်ပွဲ အောင်နိုင်ရေး ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေးတွင် ငွေကြေးအင်အားခက်ခဲနေသဖြင့် ကူညီပေးကြရန် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) ကြေငြာ

၂၀၂၀ ရွေးကောက် ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ မဲ ဆွယ်စည်းရုံးရေးတွင် ငွေကြေး အင်အားခက်ခဲနေသဖြင့် ကူညီ ပေးကြရန် လူ့ဘောင်သစ်ဒီမို ကရက်တစ်ပါတီ (DPNS) က သြဂုတ် ၁၁ ရက်က ထုတ်ပြန် ကြေညာသည်။
လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီအနေဖြင့် သေးငယ်ပြီး ရန်ပုံငွေနည်းပါး၍ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးချင်းစီအ တွက် ရွေးကောက်ပွဲအောင်နိုင် ရေးကုန်ကျစရိတ်သည် ပါတီအ တွင်းရှိနေသည့် ငွေအားနှင့် မလုံ လောက်သောကြောင့် ယခုကဲ့သို့ အကူအညီ တောင်းခံခြင်းဖြစ် ကြောင်း ပါတီဗဟိုအောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌ ဦးသီဟက ပြော သည်။
‘‘ရွေးကောက်ပွဲကော်မရှင်ကခွင့်ပြုထားတဲ့ သိန်းတစ်ရာ မပြောနဲ့၊ ကျွန်တော်တို့ လူတစ်ဦး ချင်းကို သိန်းလေးဆယ် ပတ်ဝန်း ကျင်တောင် မဖြစ်မနေသုံးဖို့ ကျွန် တော်တို့မှာ အနိုင်နိုင်ဖြစ်နေ တယ်’’ဟု ဦးသီဟကပြောသည်။
လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီအနေဖြင့် လာမည့်ရွေး ကောက်ပွဲတွင် လွှတ်တော်အသီး သီးအတွက် မဲဆန္ဒနယ် (၁၆) နေ ရာအတွင်း ‘ပြည်သူသာအမိ၊ ပြည်သူသာအဖ’ ဟူသော ဆောင် ပုဒ်ကို ကိုင်စွဲ၍ ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင်ပါရှိသည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရန်ပုံငွေသည် အလှူ ရှင်များလှူဒါန်းခြင်းနှင့် ပါတီရှိရဲဘော်များ၏ ပါတီဝင်ကြေး ပေးသွင်းကြသည့် ငွေအင်အား နည်းနည်းဖြင့် ရွေးကောက်ပွဲဝင် ရန် ကြိုးစားနေရကြောင်း ဗဟို အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသီဟကပြောသည်။
‘‘ကျွန်တော်တို့ပါတီက ပြန် ပြီးတော့ဖွဲ့စည်းတဲ့ပါတီဖြစ်ပြီး လူအင်အားနည်းပေမယ့်လည်း တစ်ချိန်တစ်ခါက ပါတီက ဒုတိ ယအင်အားကြီးတဲ့ပါတီ ဖြစ်ခဲ့ တော့ ပါတီဝင်ဟောင်းတွေ၊ ပါတီမိတ်ဆွေ၊ ပါတီလိုလားတဲ့သူ တွေ တိုင်းပြည်အနှံ့အပြားမှာရှိပါ တယ်။ အဲဒီတော့ ကျွန်တော်တို့ ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားချက်၊ ရည်ရွယ်ချက်တွေကို ဖော်ပြပြီး တော့ ဒီအပေါ်မှာ ကျွန်တော်တို့ မိတ်ဆွေတွေ၊ ရဲဘော်ဟောင်း တွေက တတ်နိုင်သမျှ ကူညီကြဖို့ မေတ္တာရပ်ခံတာ။ တစ်နည်းအား ဖြင့် အလှူခံတာပါ’’ဟု ဦးသီဟ ကပြောသည်။
လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီအနေဖြင့် လာမည့်ရွေး ကောက်ပွဲတွင် ပြည်သူ့လွှတ် တော်နေရာ ခြောက်နေရာ၊ ဧရာ ဝတီတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၁၀ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဗဟိုအောင်နိုင်ရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
ဆက်သွယ်ရန်
ဦးသီဟ ဖုန်း - ၀၉ ၇၈၅၁၀၅၈၀၈
ဒေါ်နှင်းနှင်းမွှေး ဖုန်း - ၀၉ ၄၄၃၀၅၁၉၉၆

0 comments:

Post a Comment