Thursday, August 13, 2020

ထိုင်းနိုင်ငံ၏ အကူအညီတောင်းခံချက်အရ ပျောက်ဆုံးနေသော ပန်းပုဆင်စွယ်ကို DKBA တပ်ဖွဲ့က ဖမ်းဆီးရမိပြီး ထိုင်းရဲကို ပြန်အပ်နိုင်ခဲ့

ထိုင်းနိုင်ငံ၊ တာခ်ရိုင်၊ အုန်းဖန်မြို့၊ မဲ့ကျမ်းတိုက်နယ် လေးတော်ခို့ကျေးရွာမှာ ပျောက်ဆုံးသွားတဲ့ ပန်းပုအလှဆင်စွယ်ကို ဒီကေဘီအေတပ်ဖွဲ့က ဖမ်းဆီးရမိပြီး ထိုင်းရဲကို သြဂုတ် ၁၂ ရက်မှာ ပြန်အပ်လိုက်ပါတယ်။
လေးတော်ခို့ကျေးရွာမှာ တန်ဖိုးထားကိုးကွယ်ထားတဲ့ ဆင်စွယ်ကို သြဂုတ်လဆန်းပိုင်းက လူ ၂ ဦးရောက်ရှိလာပြီး အစောင့်ကို ဓားနဲ့ထောက်ကာ ဆိုင်ကယ်နဲ့ ယူသွားကြတာ ဖြစ်ပါတယ်။
ဒီနောက် လေးတော်ခို့ရွာသားတွေနဲ့ ရပ်ရွာသူကြီးတို့က အုန်းဖန်မြို့မရဲခန်းမှာ ပန်းပုဆင်စွယ်ပျောက်ဆုံးကြောင်း အမှုဖွင့်တိုင်ကြားထားလိုက်ပြီးနောက် မြန်မာ-ထိုင်းနယ်စပ် လက်နက်ကိုင်အဖွဲ့အစည်းတွေထံ သတင်းပို့ပြီး သြဂုတ် ၁၂ ရက်နေ့မှာ ပန်းပုဆင်စွယ် ခိုးသူ ၂ ဦးကို ဒီကေဘီအေတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာပါ။
ပန်းပုဆင်စွယ်ကို ဒီကေဘီအေဗျူဟာမှူး စောရွှေဝက ဦးစီးပြီး ထိုင်းရဲကို ပြန်လည်အပ်နှံခဲ့ကာ ခိုးသူနှစ်ဦးကိုတော့ ဒီကေဘီအေတပ်ဖွဲ့က အရေးယူထားပါတယ်။
မြန်မာ-ထိုင်းနယ်စပ်မှာ ၂၀၀၅ ခုနှစ်တုန်းကလည်း ပန်းပုဆင်စွယ် ခိုးယူခံခဲ့ရဖူးပြီး ခုတစ်ကြိမ်ပါဆိုရင် ခိုးယူခံရတာ ၃ ကြိမ်မြောက် ရှိသွားပြီ ဖြစ်ပါတယ်။
Crd : ကလို့ထူးဘော စစ်ဌာနချုပ် #Myanmar_Online_News

0 comments:

Post a Comment