Wednesday, August 26, 2020

Covid ဒုတိယလှိုင်းကြောင့် စားသောက်ဆိုင်များကို တင်းတင်းကြပ်ကြပ်စစ်ဆေးသွားမည်

Covid ဒုတိယလှိုင်းကြောင့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို တင်းတင်းကြပ်ကြပ်စစ်ဆေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။
“စားသောက်ဆိုင်ကို ကျွန်တော်တို့ကတော့ ဆိုင်ထိုင်ရောင်းချမှု ပိတ်တော့မပိတ်သေးဘူး။ သို့သော် အဖွဲ့တွေလိုက်ပြီးတော့ ကြီးကြပ်စစ်ဆေးလျက်ရှိပါတယ်။ ပိုပြီးတင်းတင်းကြပ်ကြပ်လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ပိုပြီးတော့ အဖွဲ့တွေနဲ့ ရှောင်တခင်စစ်ဆေးမှုတွေဆောင်ရွက်နေပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောသည်။
ဆိုင်များကို လက်လံစစ်ဆေးရာတွင် အန္တရာယ်ရှိသည့် အပြုအမူမျိုးရှိနေပါက ပထမအကြိမ်သတိပေးပြီး ဒုတိယအကြိမ်ဆိုပါက ဆိုင်ကို ၃ ရက်ပိတ်ခိုင်းကြောင်း၊ ယင်းကဲ့သို့ စည်းကမ်းမလိုက်နာသောကြောင့် ၃ ရက်ပိတ်ရသည့် ဆိုင် ၂ ဆိုင်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ကတော့ နေပြည်တော်အဝင်ဂိတ်မှာ Covid ကို အဖျားတိုင်းစစ်ဆေးတယ်။ ထောက်ခံစာတွေ စစ်ဆေးတယ်။ ဒါ့အပြင် ကျွန်တော်တို့က Covid ကိုအကြောင်းပြုပြီး တရားမဝင်သယ်ဆောင်လာနိုင်တဲ့ မူးယစ်ဆေးနဲ့ အခြားတရားမဝင်သယ်ဆောင်မှုတွေကိုလည်း စစ်ဆေးနေပါတယ်”ဟု နေပြည်တော်အဝင်ဂိတ်မှ ရဲအရာရှိတစ်ဦးက ဆိုသည်။
လက်ရှိတွင် နေပြည်တော်ရှိ Public နေရာများကို ပိတ်ထားပြီးဖြစ်ကြောင်း၊ နေပြည်တော်တွင် လူစုလူဝေးရှိနေတတ်သည့် လှေခွင်းတောင်ကမ်းခြေကိုလည်း ဆိုင်များကို တင်းတင်းကြပ်ကြပ်စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။
Ref ; MyanmaPlatform

0 comments:

Post a Comment