Monday, August 24, 2020

COVID ကာကွယ်ဆေး လူတိုင်းလက်လှမ်းမီသုံးစွဲခွင့်ရရေးအတွက် အစီအစဉ်တစ်ခုထူထောင်သွားရန်လိုသည်ဟု သမ္မတပြော

COVID-19 ကပ်ရောဂါအတွက်ကာကွယ်ဆေးများကို လူတိုင်း လက်လှမ်းမီ သုံးစွဲခွင့်ရရှိနိုင်ရေးအတွက် လုပ်ငန်းအစီအစဉ်တစ်ရပ်အား ထူထောင်သွားရန်လိုအပ်ကြောင်း သမ္မတ ဦးဝင်းမြင့်က ပြောဆိုလိုက်ပါတယ်။
သမ္မတ ဦးဝင်းမြင့်သည် ယနေ့နံနက် ၈နာရီတွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် တတိယအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့တာဖြစ်ပါတယ်။
ဆက်လက်ပြီး COVID-19 ကပ်ရောဂါအတွက် ကာကွယ်ဆေး သုတေသနပြုမှုနဲ့ ကာကွယ်ဆေး ထုတ်လုပ်မှုကဏ္ဍများမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန် လိုအပ်ကြောင်း ၊ COVID-19 ကပ်ရောဂါကို မှန်ကန်သော စီမံခန့်ခွဲမှုများဖြင့် အောင်မြင်စွာ ထိန်းချုပ်ထားနိုင်ခဲ့ခြင်းအတွက် မဲခေါင်-လန်ချန်းနိုင်ငံများရဲ့ အစိုးရအဖွဲ့များကို ချီးကျူးပါကြောင်း ၎င်းက ထပ်မံပြောပါတယ်။
မြန်မာနိုင်ငံရဲ့ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းစဉ်အတွက် တရုတ်နိုင်ငံမှ အကူအညီများ ပေးအပ်ခဲ့ခြင်းကိုလည်း ကျေးဇူးတင်ရှိကြောင်း သမ္မတ ဦးဝင်းမြင့်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ထို့နောက် အစည်းအဝေးအပြီးမှာ မြန်မာနိုင်ငံသို့ လာအိုနိုင်ငံမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးတွဲဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းလက်ခံရယူခဲ့ပြီး အမြဲတမ်းပူးတွဲဥက္ကဋ္ဌဖြစ်သည့် တရုတ်နိုင်ငံနဲ့အတူ လာမည့် (၂)နှစ်တာကာလအတွက် တာဝန်ထမ်းဆောင်သွားရမှာဖြစ်တယ်လို့ သိရပါတယ်။
>>zawgyi<<

0 comments:

Post a Comment