Sunday, August 23, 2020

ရခိုင်ပြည်နယ်မှ မန္တလေးမြို့သို့ လာရောက်သူ ရှစ်ဦး တွင် COVID ပိုးမရှိ

ရခိုင်ပြည်နယ်မှ မန္တလေးမြို့သို့ လာရောက်သူသြဂုတ်လ ၂၁ ရက်တွင် ရှစ်ဦးရှိပြီး ၎င်းတို့အား COVID ပိုးရှိမရှိ စစ်ဆေးခဲ့ရာ Negative ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရဖွဲ့မှ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးဦးစိုင်းပန်းဆိုင်ကပြောသည် ။
အဆိုပါ ရှစ်ဦး၏ ဓါတ်ခွဲနမူနာကို သြဂုတ် ၂၁ ရက်တွင် စစ်ဆေးခဲ့ပြီး ယနေ့ သြဂုတ် ၂၃ ရက် နံနက်ပိုင်းတွင် ပိုးမရှိကြောင်း အဖြေထွက်ခဲ့သည် ။
" သူတို့အားလုံးပိုးမတွေပါဘူး။ ဒါပေမယ့် သူတို့ကိုမန္တလေး သံဃာ့ဆေးရုံမှာ Quarantine ၂၁ ရက်တော့ထားထားမယ်။ Quarantine ထားပြီးလို့ ရက်ပြည့်ရင် တစ်ခါထပ်စစ်မယ် စစ်ဆေးလို့မတွေ့ရင်တော့ဆင်းခိုင်းမှာပေါ့ " ဟု မန္တလေးတိုင်းဒေသကြီးအစိုးရဖွဲ့မှ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းပန်းဆိုင်ကပြောသည် ။
COVID 19 ပြည်တွင်းကူးစက်မှုကို ရခိုင်ပြည် နယ်တွင် သြဂုတ်လ ၁၆ရက်က စတင်တွေ့ရပြီးနောက် သြဂုတ်၂၃ရက်အထိပြည်တွင်းကူးစက်မှုလူနာ (၅၃) ဦးအထိရှိလာခဲ့သည်။
ရခိုင်ပြည်နယ်တွင် ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါသည် အထူးမြန်ဆန်လျှက်ရှိကြောင်း၊ စစ်တွေမြို့နယ်၌ ကူးစက်ဖြစ်ပွားနေသော ဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇပြောင်းလဲနေသည့် အမျိုးအစား ဖြစ်နိုင်သောကြောင့် ဗိုင်းရပ်စ်ပိုး၏မျိုးဗီဇကို ဆေးသုတေသနဦးစီးဋ္ဌာန၌ စစ်ဆေးဖော်ထုတ်သွားမည် ဖြစ် ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
ယနေ့ သြဂုတ်၂၂ရက် နံနက်ပိုင်းအထိ မြန် မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအ တည်ပြုလူနာ (၄၄၄) ဦးရှိပြီဖြစ်ကာ သေဆုံးသူ ခြောက်ဦး ရှိခဲ့သည်။
Ref ; The Fifth Wave News

0 comments:

Post a Comment