Wednesday, August 26, 2020

ရခိုင်ပြည်နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ဆေးပစ္စည်းများလှူဒါန်း

ရခိုင်ပြည်နယ် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် အလှူရှင် များက ဆေးပစ္စည်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်းခဲ့သည်။
ရခိုင်ပြည်နယ်၌ ဆောင်ရွက်နေသည့် COVID-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ တွင် ဆရာဝန်၊ သူနာပြုနှင့် ကျန်း မာရေးဝန်ထမ်းများ အသုံးပြုရန် အတွက် အလှူရှင်များက သြဂုတ် ၂၃ ရက်တွင် လှူဒါန်းခဲ့ခြင်းဖြစ် သည်။ Sea Lion Co.Ltd မှ ကျပ်သိန်း ၂,၆၀၀ တန်ဖိုးရှိ တစ်ကိုယ် ရေရောဂါကာကွယ်ရေး ဝတ်စုံ (PPE) တစ်သောင်းစုံနှင့် ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ ခွဲစိတ်ခန်းသုံး ပါးစပ်နှင့် နှာခေါင်းစည်း အခုရေ တစ်သိန်းတို့ကို လှူဒါန်းခဲ့သည်။
အလားတူ Myanmar Multispeciality Physicians Global Alliance (MMPGA) က အမေရိကန်ဒေါ်လာ တစ်သောင်း တန်ဖိုးရှိ တစ်ကိုယ်ရေရောဂါ ကာကွယ်ရေးဝတ်စုံ ၅၀၀ စုံတို့ကို လှူဒါန်းခဲ့သည်။
ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦးနှင့် သံတွဲမြို့နယ်တို့ တွင် သြဂုတ် ၁၆ ရက်မှ ၂၄ ရက် နံနက်အထိ COVID-19 လူနာ ၇၂ ဦးရှိခဲ့သည်။
ထို့ကြောင့် စစ်တွေဆေးရုံ ကြီးနှင့် ရခိုင်ပြည်နယ်ရှိ အခြားဆေးရုံများသို့ ရောဂါကာကွယ် ရေးဝတ်စုံများ၊ ဓာတ်ခွဲနမူနာရယူ ရာတွင် လိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်းများကို အလုံအ လောက်ပံ့ပိုးထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ သိရှိရသည်။
ထို့အပြင် ရခိုင်ပြည်နယ်တွင် မိမိဆန္ဒအလျောက် ယာယီတာဝန်ထမ်းဆောင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက် အောက်ရှိ ဦးစီးဌာနအသီးသီးမှ ဆရာဝန်နှင့် သူနာပြု ၂၄ ဦးတို့သည် ယင်းပြည်နယ်သို့ သြဂုတ်၂၃ ရက်က ရောက်ရှိသွားပြီဖြစ် သည်။
Ref ; 7Day

0 comments:

Post a Comment