Wednesday, August 19, 2020

ရုရှားနိုင်ငံ စွမ်းအင်ဝန်ကြီး COVID-19 ကူးစက်ခံရ

ရုရှားနိုင်ငံ စွမ်းအင်ဝန်ကြီး အလက်ဇန်းဒါးနိုဗက်တွင် COVID-19 ကူးစက်မှုစစ်ဆေးတွေ့ရှိကြောင်းနှင့် မော်စကိုတွင် ကုသမှုခံယူလျှက်ရှိကြောင်းကို ရုရှားဝန်ကြီးချုပ် မီခေးလ်မီရှုစ်တင်က ပြောကြားသည်။
"သူဒီကိုရောက်လာခဲ့သေးပေမယ့် ခုတော့ မော်စကိုကို ပြန်ရောက်နေပါပြီ"ဟု ရုရှားနိုင်ငံ အရှေ့ဖျားမြို့တစ်မြို့ဖြစ်သည့် ဘလာဂိုဗက်ရှ်ချန့်မြို့တွင် ပြုလုပ်သော အစိုးရအစည်းအဝေးတစ်ခု၌ မီရှုစ်တင်က သတင်း ထောက်များအားပြောသည်။
စွမ်းအင်ဝန်ကြီးတွင် ရောဂါလက္ခဏာပြသဖြင့်မရှိသဖြင့် စွမ်းအင်ဆိုင်ရာအစည်းအဝေးတစ်ခုတွင် အွန်လိုင်းမှနေ၍ တက်ရောက်ကာ ပါဝင်ဆွေးနွေးမည်ဖြစ်ကြောင်းကိုလည်း မီရှုစ်တင်ကပြောသည်။ ရုရှားနိုင်ငံ သမ္မတရုံးမှ ပြောခွင့်ရပုဂ္ဂိုလ်၊ ဝန်ကြီးအချို့နှင့် လွှတ်တော်အမတ်များ၊ အခြားသော နိုင်ငံရေးသမားအချို့တို့သည်လည်း ပြီးခဲ့သည့်လများက COVID-19 ကူးစက်ခြင်းခံခဲ့ကြရသေးသည်။
Ref ; Popular

0 comments:

Post a Comment