
အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာသစ် ၇ သောင်းခွဲကျော်(၇၅၉၉၅ ဦး)ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ယင်းကြောင်း ထပ်မံသေဆုံးသူ ၁၀၁၇ ဦးရှိခဲ့ကြောင်းသိရသည်။ ပန်ဂျပ်ပြည်နယ်မှ လွှတ်တော်အမတ် ၂၃ ဦးလည်း ရောဂါပိုးကူးစက်ခြင်းခံနေရကြောင်း ပန်ဂျပ်ပြည်နယ်ဝန်ကြီးချုပ်ကပြောကြားသည်။
သြဂုတ်လ ၂၈ ရက်နေ့တွင်ကျင်းပမည့် လွှတ်တော်အစည်းအဝေးမတိုင်မီ လွှတ်တော်အမတ်များအား COVID-19 စစ်ဆေးရာတွင် ထိုသို့စစ်ဆေးတွေ့ရှိခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိအချိန်အထိ သိရသော အချက်အလက်များအရ အိန္ဒိယနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၃သန်းကျော်(၃၃၀၇၇၄၉ ဦးခန့်)ရှိပြီဖြစ်ပြီး၊ ၂သန်းခွဲကျော်(၂၅၂၃၄၄၃ ဦးခန့်) သက်သာပျောက်ကင်းခဲ့ပြီဖြစ်သည်။
သေဆုံးသူ စုစုပေါင်းမှာမူ ၆သောင်းကျော်(၆၀၆၂၉ ဦး)ရှိပြီဖြစ်ကြောင်းသိရသည်။

Ref ; Popular
0 comments:
Post a Comment