Tuesday, August 4, 2020

COVID-19 ကပ်ဘေးကာလ ဝါဆိုလပြည့်နေ့တွင် ခွင့်ပြုချက်မရှိဘဲဖွင့်ခဲ့တဲ့ မှော်ဘီက ဂျပန်ဘုရားဖူးမျှော်ခွင့် ပြန်ပိတ်ခံရ

COVID-19ကပ်ဘေးကာလ ခပ်ခွာခွာနေရမယ့် ကာလအတွင်း ဘာသာရေး အဆောက်အအုံတွေ ဝင်ရောက် ဝတ်ပြုခွင့် ပိတ်ထားပေမယ့် ရန်ကုန်တိုင်း မှော်ဘီမြို့နယ်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာရှိတဲ့ ရှေးဟောင်း ဆင်းတုတော်တွေကို သြဂုတ် ၃ ရက်နေ့ လပြည့်နေ့မှာ လူအများဝင်ရောက်နိုင်အောင် ဖွင့်ပေးခဲ့တာဟာ ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်တာဖြစ်လို့ ဒီနေ့ ပြန်ပိတ်ဖို့ ညွှန်ကြားထားတယ်လို့ မှော်ဘီမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်ရွှေ၏ ပြောကြားချက်အရ သိရသည်။
ဒီလိုခွင့်ပြုချက်မရှိဘဲ ပြန်ဖွင့်တာနဲ့ ပတ်သက်ပြီး ဘယ်လို ဆက်လက်ဆောင်ရွက်မလဲဆိုတာကိုတော့ အုပ်ချုပ်ရေးမှုးက ပြောဆိုခြင်း မရှိပါဘူး။
အောင်ဇမ္မူတောရ ဘုန်းကြီးကျောင်းအတွင်း ပူဇော်ထားတဲ့ ရှေးဟောင်း ဆင်းတုတော်တွေဟာ ဂျပန်လူမျိုးတစ်ယောက်က စုဆောင်း လှူဒါန်းထားတာဖြစ်တဲ့အတွက် ဂျပန်ဘုရားလို့လည်း အများက ခေါ်ဆိုကြပြီး ဖူးမျှော်လိုသူတွေ၊ လေ့လာလိုသူတွေနဲ့ အဲဒီနေရာက စည်ကားခဲ့တဲ့နေရာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းထဲက ဘုရား၊ စေတီတွေကို ဇူလိုင် ၃၀ ရက်နေ့ကစပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ Covid-19 (ခေါ်) ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ကာကွယ်တားဆီးရေး ညွှန်ကြားချက် စည်းကမ်းတွေနဲ့အညီ ပြန်လည်ဖွင့်ဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းအစိုးရက ဇူလိုင် ၂၈ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဇူလိုင်လ ၂၉ ရက်နေ့မှာ Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ဘာသာရေးအဆောက်အအုံတွေမှာ ဝင်ရောက်ဝတ်ပြုတာတွေကို ခွင့်မပြုသေးဘူးဆိုပြီး ကြေညာချက် ထပ်မံထုတ်ပြန်ထားတာဖြစ်ပါတယ်။
Crd : RFA

0 comments:

Post a Comment