Friday, August 14, 2020

COVID-19 ဖြင့် သေဆုံးသူဦးရေတွင် ဗြိတိန်ကိုကျော်တက်ပြီး အိန္ဒိယ စတုတ္ထအများဆုံးနိုင်ငံဖြစ်လာ

COVID-19 ကြောင့် သေဆုံးသူဦးရေတွင် အိန္ဒိယသည် ဗြိတိန်ကိုကျော်တက်ပြီး ကမ္ဘာပေါ်တွင် စတုတ္ထမြောက် သေဆုံးသူအများဆုံးနိုင်ငံ ဖြစ်လာသည်။
အိန္ဒိယ၌ သြဂုတ် ၁၄ ရက်တွင် တစ်ရက်အတွင်း ကူးစက်သူသစ် စံချိန်တင်ခဲ့သည်။ သြဂုတ် ၁၄ အထိ ၂၄ နာရီအတွင်း COVID-19 ဖြင့် သေဆုံးသူ ၁၀၀၇ ဦး ရှိခဲ့သောကြောင့် သေဆုံးသူစုစုပေါင်း ၄၈၀၄၀ ရှိနေပြီဖြစ်ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အိန္ဒိယသည် သေဆုံးသူဦးရေတွင် အမေရိကန်၊ ဘရာဇီးနှင့် မက္ကဆီကိုတို့ပြီးနောက် စတုတ္ထမြောက်အများဆုံးနိုင်ငံဖြစ်နေသည်။
သြဂုတ် ၁၄ ရက်အထိ ၂၄ နာရီအတွင်း COVID-19 ကူးစက်သူသစ် ၆၄၅၅၃ ဦး ရှိခဲ့သောကြောင့် ကူးစက်သူ ၂၄၆၁၁၉၀ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ကူးစက်သူဦးရေတွင် အိန္ဒိယသည် အမေရိကန်ပြည်ထောင်စုနှင့် ဘရာဇီးပြီးနောက် တတိယအများဆုံးနိုင်ငံအဖြစ်ရပ်တည်နေသည်။ အိန္ဒိယရှိ ကူးစက်သူ ရာခိုင်နှုန်း ၇၀ ကျော်သည် ပြန်လည်ကျန်းမာလာပြီဖြစ်သည်။
Ref ; The Myanmar Times

0 comments:

Post a Comment