Saturday, August 22, 2020

နေပြည်တော်တွင် COVID-19 ရောဂါစစ်ဆေးမှု လုပ်ငန်းစဉ်များ ပြန်လည်စတင်လုပ်ဆောင်နေပြီဖြစ်


နေပြည်တော်သို့ လာရောက်ပါက COVID -19ရောဂါပိုးအတွက် စစ်ဆေးသည့်လုပ်ငန်းစဉ်များ ယမန်နေ့ (သြဂုတ်၂၁ ရက်)တွင် ပြန်လည်စတင်နေပြီး စစ်တွေမှ လာရောက်သူများဖြစ်ပါက Quarantine ဝင်ရမည်ဖြစ်ကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဦးစီး ဌာနမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောသည်။
‘‘ဒီနေ့ချထားပြီ။ ခါတိုင်း လိုပဲ။ အပူချိန်တိုင်းပေါ့။ စစ်တွေ ကလာရင် Quarantine ဝင်ပေါ့။ အရင်တိုင်းလိုပဲ ပြန်လုပ်ထားတာ ပေါ့’’ဟု ၎င်းက ပြောကြားသည်။
နေပြည်တော်သို့ အခြားမြို့နယ်မှ လာရောက် သူများသည် နေထိုင်ရာ မြို့နယ် ထောက်ခံချက်နှင့် Quarantitne ဝင်ရန်မလိုအပ်သေးဘဲ အပူချိန်တိုင်းတာမှုကို စစ်ဆေးရန်သာ လိုအပ်ကြောင်းနှင့် စစ်တွေမှ လာရောက်သူများ Quarantine ဝင်ရောက်ခြင်းကို မိမိတို့စရိတ်ဖြင့် ဝင်ရောက်ရမည်ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်များရှိ ဆေးရုံများတွင် ထားရှိမည်ဖြစ်ပြီး ဝင်ရောက်သူများလာပါက စည်ပင်ဧည့်ရိပ်သာတွင် ပြန်လည် ထားရှိမည်ဖြစ်ကြောင်း သိရသည်။


Crd : 7Day

0 comments:

Post a Comment