Tuesday, August 4, 2020

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် COVID-19 ကင်းစင်သော တိုင်းနဲ့ပြည်နယ် (၁၀)ခု ထိရှိလာပြီဖြစ်

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် COVID-19 အတည်ပြုလူနာရှိတဲ့ဒေသ(၁၆)ခုထဲမှာ ဒေသ(၁၂)ခုကတော့ ပိုးကင်းစင်သွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဩဂုတ်လ(၃)ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ရောပိုးကင်းစင်သွားတဲ့နေရာတွေကတော့ နေပြည်တော်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်း အရှေ့ပိုင်း၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ်တို့ ဖြစ်ပါတယ်။
အဲဒီဒေသ(၁၂)ခုမှာ ကိုဗစ်လူနာ(၅၉)ယောက်ရှိခဲ့ပြီး အကုန်လုံးရောဂါပိုးကင်စင်ပြီး ပြန်ကောင်းမွန်သွားတာလို့ သိရပါတယ်။
အခုချိန်မှာတော့ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ(၃၅၅)ယောက်ထိရှိနေပြီး အဲဒီထဲမှာရောဂါပိုးကင်းစင်တဲ့သူ (၃၀၂)ယောက်နဲ့ သေဆုံးသူ(၆)ယောက်ရှိနေပါတယ်။

0 comments:

Post a Comment