Saturday, August 8, 2020

ဗင်နီဇွဲလားမှာ Covid-19 စည်းမျည်းစည်းကမ်း ဖောက်ဖျတ်သူတွေကို နေပူထဲမှာ ပြစ်ဒဏ်ပေး

ဗင်နီဇွဲလားနိုင်ငံမှာ ကာကွယ်ရေး တပ်ဖွဲ့များက ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျတ်ရေး စည်းမျည်းစည်းကမ်း ဖောက်ဖျတ်သူ အချို့ကို ကိုယ်ကာယလေ့ကျင့်ခန်း လုပ်စေခြင်း၊ နေပူထဲမှာ ထိုင်စေခြင်းအပါအဝင် ရိုက်နှက်ခြင်းများနဲ့ပါ အပြစ်ပေးနေကြောင်း မျက်မြင်သက်သေများနဲ့ လူ့အခွင့်အရေးအဖွဲ့များက ပြောဆိုပါတယ်။
ဒေသဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့များရဲ့ ပြောဆိုချက်အရ အာဏာပိုင်တွေဟာ နိုင်ငံတစ်ဝန်းလုံးမှာ အိမ်သုံးကုန်၊ အစားအသောက်စတဲ့ ပစ္စည်းများဝယ်ယူရာမှာ တန်းမစီခြင်းကအစ ကာဖျူးမိန့် မလိုက်နာခြင်းအဆုံး တစ်ခုချင်းစီအတွက် ပြစ်ဒဏ်တွေ ပေးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ လူ့အခွင့်အရေး အဖွဲ့တစ်ခုဖြစ်တဲ့ Provea က အချို့ဖြစ်ရပ်တွေမှာ လုံခြုံရေးတပ်ဖွဲ့တွေဟာ အကြမ်းဖက်မှုကို စည်းကမ်းထိန်းသိမ်းရေး ပုံစံတစ်ခုအဖြစ် အသုံးပြုနေကြောင်း ပြောဆိုပြီး Covid-19 စည်းကမ်းဖောက်ဖျတ်သူ ၃ ဦးကို လုံခြုံရေး တပ်ဖွဲ့က ဘေ့ဘောရိုက်တံနဲ့ ရိုက်နှက်နေတဲ့ ဗွီဒီယိုကို ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့က တွစ်တာမှာ ဖော်ပြခဲ့ပါတယ်။ ဗင်နီဇွဲလား သတင်းအချက်အလက်ဝန်ကြီးဌာနဟာ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို ပြန်လည်တုံ့ပြန်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ အတိုက်အခံ ဥပဒေပြုအမတ်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့များက သမ္မတ Nicolas Maduro အစိုးရရဲ့ ကူးစက်ရောဂါ တိုက်ဖျတ်ရေး တုံ့ပြန်ချက်တွေမှာ စစ်ရေးဆိုင်ရာဝါဒတွေ ပါဝင်နေပြီး ညှင်းပမ်းနှိပ်စက်ခြင်း၊ တရားမဝင်သတ်ဖြတ်ခြင်းနဲ့ ဥပဒေမဲ့ ငွေအတင်းအကြပ်တောင်းယူခြင်းတွေကို လူ့အခွင့်အရေးစည်းမျည်းစည်းကမ်းများနဲ့ ဆန့်ကျင်ပြီး ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။
ဗင်နီဇွဲလားနိုင်ငံဟာ ပြီးခဲ့တဲ့ မတ်လအတည်းက လော့ဒေါင်းကန့်သတ်ချက် ကြေညာခဲ့ပြီး နေထိုင်သူတွေရဲ့ အသွားအလာတွေ ကန့်သတ်ဖို့နဲ့ နှာခေါင်းစွပ်ဝတ်ဆင်ခြင်းကို တွန်းအားပေးဖို့အတွက် နိုင်ငံတစ်ဝန်းလုံးမှာ စစ်ဆေးရေးဂိတ်တွေ ထားရှိခဲ့ကာ ညမထွက်ရအမိန့် ပြဌာန်းခဲ့တယ်လို့ သိရပါတယ်။ ဗင်နီဇွဲလားနိုင်ငံဟာ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၂၄၁၆၆ ဦး၊ သေဆုံးသူ ၂၀၈ ဦးထိ ရှိလာခဲ့ပြီ ဖြစ်တယ်လို့ တရား ဝင်ဖော်ပြထားတဲ့ သတင်းတွေအရ သိရပါတယ်။
Ref ; Akon Thi

0 comments:

Post a Comment