Sunday, August 23, 2020

ကမ္ဘောဇဘဏ်က ရခိုင်ပြည်နယ်တွင် COVID-19 ကာကွယ်၊ ကုသ၊ ထိမ်းချုပ်ရေးလုပ်ငန်းများ ပိုမို ထိရောက်စေရန်အတွက် ကာကွယ်ရေးပစ္စည်း (၇) မျိုးနှင့် ငွေကျပ် သိန်း (၃၀၀) အရေးပေါ် ပေးပို့လှူဒါန်းမည်

ကမ္ဘောဇဘဏ်သည် ရခိုင်ပြည်နယ်အတွင်း COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမို ထိရောက်စေရန်အတွက် ပြည်နယ်အစိုးရထံသို့ COVID-19 ကာကွယ်ရေးပစ္စည်း (၇) မျိုးနှင့် ငွေကျပ် သိန်း (၃၀၀) ကို Air KBZ အရေးပေါ် ကယ်ဆယ်ရေးအထူးလေယာဉ်ဖြင့် အမြန်ဆုံးပို့ဆောင် လှူဒါန်းသွားမည် ဖြစ်ပါသည်။
ရခိုင်ပြည်နယ်အတွက် COVID-19 ကာကွယ်ရေးပစ္စည်း (၇) မျိုး ဖြစ်သည့် ဆေးရုံသုံးနှာခေါင်းစည်း (၁၀၀,၀၀၀)၊ မျက်နှာအကာ (၂၀၀၀)၊ လက်အိတ် (၃၀၀၀)၊ ခေါင်းစွပ် (၂၀၀၀)၊ မျက်မှန် (၂၀၀)၊ PPE ဝတ်စုံ (၂၀၀)၊ အပူချိန်တိုင်းစက် (၁၀၀)၊ Facility Quarantine ဝင်နေသော စောင့်ကြည့်လူနာများအနက်မှ နေ့စဉ်စားသောက်စားရိတ် အခက်အခဲရှိသော ပြည်သူတစ်ဦးလျှင် တစ်ရက်ငွေကျပ်(၃ဝဝဝ) နှုန်းဖြင့် အစားအ သောက်များ ပံ့ပိုးပေးနိုင်ရန်အတွက် လှူဒါန်းငွေကျပ် သိန်း (၃၀၀) အပါအဝင် လှူဒါန်းမှု စုစုပေါင်းတန်ဖိုးမှာ ငွေကျပ် သိန်း (၈၀၀) ခန့်ဖြစ်ပါသည်။
ထို့အပြင်ကမ္ဘောဇဘဏ်သည် ၂၀၂၀ဧပြီလအတွင်းကလည်းရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပြည်သူများ အတွက် ဆန်အိတ် (၁၀၀၀) နှင့် Facility Quarantine ဝင်နေသောစောင့်ကြည်လူနာများ၏ စားနပ်ရိက္ခာအတွက် ငွေကျပ်သိန်း(၃ဝဝ) ကို လှူဒါန်းထားခဲ့ပြီး ဖြစ်သည်။
ကမ္ဘောဇဘဏ်သည် ရခိုင်ပြည်နယ်အတွင်း ၂၀၁၅ ရေကြီးရေလျှံမှုဖြစ်စဉ်မှ ယနေ့ကာလ အထိ ပြည်နယ် တိုးတက်ဖွံ့ဖြိုးရေး ကိစ္စရပ်များ၊ သဘာဝဘေးအန္တရယ်များနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် စုစုပေါင်း ငွေကျပ် (၁၀) ဘီလီယံကျော် လှူဒါန်းထားပြီးဖြစ်သည်။
ကမ္ဘောဇဘဏ်သည် COVID-19 ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးလုပ်ငန်းများအတွက် COVID-19 ကူးစက်မြန်ရောဂါမဖြစ်ပွားခင် ဖေဖေါ်ဝါရီလ(၂၆)ရက်မှ စတင်ကာ၊ ယနေ့အချိန်ထိ၊ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ငွေကျပ်(၆၀,၃၄၂)သိန်း ( ခြောက်သောင်းသုံးရာလေးဆယ့်နှစ်သိန်း) လှူဒါန်းထားရှိပြီးဖြစ်သည်။
Ref ; AKon Thi

0 comments:

Post a Comment