Saturday, August 22, 2020

ပြင်ဦးလွင်မြို့နယ်ရှိ ထုံးကုန်းကျေးရွာမှ COVID -19 အကြောင်းပြကာ ငွေကြေးကောက်ခံသည့် ရာအိမ်မှူးအား အရေးယူပေးရန် တိုင်းအစိုးရအဖွဲ့ထံ တိုင်ကြား


ပြင်ဦးလွင်မြို့နယ်ရှိ ထုံးကုန်းကျေးရွာ ရာအိမ်မှူးက COVID -19 အကြောင်းပြကာငွေကြေးကောက်ခံတဲ့အတွက် အရေးယူပေးဖို့ တိုင်းအစိုးရအဖွဲ့ထံတိုင်းကြားထားတယ်လို့ သိရပါတယ်။
အဆိုပါ ထုံးကုန်းကျေးရွာ ရာအိမ်မှူးက COVID-19 ရောဂါကာလ Quarantine များအတွက် ကျွေးမွေးထောက်ပံ့ရန်ဟုဆိုကာ ပြင်ဦးလွင်မြို့နယ်၊ ထုံးကုန်းကျေးရွာရာအိမ်မှူးက ကျေးရွာသူ၊ ရွာသားများထံမှ ငွေကြေးကောက်ခံခဲ့ပြီး စာရင်းမပြဘဲ အလွဲသုံးစားပြုလုပ်နေခြင်းကို အရေးယူပေးရန်ဟုဆိုကာ ကျေးရွာသူ၊ ကျေးရွာသားအချို့က သြဂုတ်လ ၂၂ ရက်တွင် မန္တလေးမြို့ မီဒီယာစင်တာ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြပါတယ်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ထုံးဘိုအုပ်စု၊ ထုံးကုန်းကျေးရွာ ရာအိမ်မှူးဦးကျော်စွာမြင့်သည် COVID-19 Quarantine များအတွက် ကျွေးမွေးထောက်ပံ့ရန်ဟုဆိုကာ စီးပွားရေးအခြေအနေအပေါ်မူတည်၍ ဧပြီ ၆ ရက်မှစတင်၍ တအိမ်လျှင် ငွေကျပ်တသောင်း၊ နှစ်သောင်း၊ သုံးသောင်းစသည်ဖြင့် အသီးသီးကောက်ခံခဲ့ပြီး ကောက်ခံရရှိသည့်ငွေကြေးများကို စာရင်းမှတ်တမ်းများ ချပြရှင်းလင်းမရှိခဲ့သောကြောင့် အုပ်ချုပ်ရေးရုံး၊ နေပြည်တော်အစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့ထံ ဇူလိုင်လအတွင်းက ရွာသူရွာသားများ စုပေါင်းလက်မှတ်ထိုး၍ တင်ပြတိုင်ကြားထားခဲ့သော်လည်း ယနေ့အချိန်ထိ တစုံတရာဆောင်ရွက်မှုမရှိသေးဟုဆိုသည်။

0 comments:

Post a Comment