Saturday, August 22, 2020

ရခိုင်မှ တိုင်းဧရာသို့ ဝင်လာမည့်ကားများအား ရေနံ့သာဂိတ်တွင် COVID-19 ရောဂါကာကွယ်‌ရေး စစ်ဆေးကြပ်မတ်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကူးစက်ဖြစ်ပွားမှုနှုန်း မြင့်တက်နေသော COVID-19 ရောဂါကြောင့် ရခိုင်မှ တိုင်းဧရာသို့ ဂွ-ငါးသိုင်းချောင်းလမ်းမှ ဝင်လာမည့် ကားများအား ဂွ-ငါးသိုင်းချောင်းလမ်းပေါ်မှာရှိသော ရေနံ့သာ အဖွဲ့စုံ စုပေါင်း စစ်ဆေးရေးဂိတ်တွင် ရောဂါ ကာကွယ်ရေးအတွက်အသေအခြာပိတ်ဆို့စစ်ဆေးနေကြောင်း သိရသည်။
အဆိုပါ လမ်းမှ ဝင်ရောက်လာမည့် ရခိုင်ပြည်နယ်မှတိုင်းဧရာသို့ဝင်ပေါက်အားလုံးရှိ ကုန်ကားပါမကျန် ဩဂုတ်လ ၂၁ ရက်နေ့မှ စ၍အသေအခြာစစ်ဆေးနေကြောင်း သိရသည်။
(အထူးသဖြင့်)ရမ်းဗျဲ ကျောက်ဖြူ တောင်ကုတ် ရန်ကုန် ကားများအား ရောဂါရှာဖွေစစ်ဆေးရေးလုပ်ငန်းများ အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

0 comments:

Post a Comment