Friday, August 21, 2020

နယူးဇီလန်တွင် Covid-19 ကွာရန်တင်းဝင်နေတဲ့ သူငယ်ချင်းဖြစ်သူကို ပွေ့ဖက်နှုတ်ဆက်သည့်အမျိုးသား ထောင်ဒဏ် ၆ပတ် ချမှတ်ခံရ

နယူးဇီလန်နိုင်ငံက Covid-19 ကွာရန်တင်းဟိုတယ်ထဲ ကျူးကျော်ဝင်ရောက်လာပြီး သူငယ်ချင်းကိုပွေ့ဖက်နှုတ်ဆက်ခဲ့တဲ့အမျိုးသားကို ထောင်ဒဏ် ၆ ပတ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ဂျက်စီကော့တနေဝေ့ရှ်ဆိုသူ အသက် ၃၃နှစ်အရွယ်အမျိုးသားဖြစ်ပြီး ဩစတြေးလျနိုင်ငံကနေရောက်လာတဲ့ သူရဲ့သူငယ်ချင်းဆီကိုတွေ့ဆုံနှုတ်ဆက်ဖို့အတွက် သီးသန့်ဟိုတယ်ရဲ့တားမြစ်နေရာထဲထိ ကျူးကျော်ဝင်လာခဲ့တာပါ။
Covid-19တုံ့ပြန်ဆောင်ရွက်မှုအတွက်ချမှတ်ထားတဲ့စည်းမျဉ်းကို ၎င်းက ရည်ရွယ်ချက်ရှိရှိချိုးဖောက်ကျူးလွန်ခဲ့တာဖြစ်ပြီး သီးသန့်သတ်မှတ်ထားတဲ့နေရာကိုလည်း သင့်လျော်တဲ့အကြောင်းပြချက်မရှိဘဲ ကျူးကျော်ဝင်ရောက်တဲ့အပြင် သီးခြားနေထိုင်ရမယ့်သူနဲ့လူချင်းတွေ့ထိခဲ့တဲ့အတွက် တရားစွဲဆိုခံခဲ့ရတာပါ။
နယူးဇီလန်နိုင်ငံမှာ ပြည်တွင်းနေသူတွေကြား Covid-19ကူးစက်မှုလုံးဝမရှိတော့တာ ရက်ပေါင်း ၁၀၂ရက်ကြာခဲ့ပြီးမှ ဒေသတွင်းကူးစက်မှုတွေပြန်တွေ့လာခဲ့တာကြောင့် ကူးစက်မှုထိန်းချုပ်ရေးအတွက် စည်းမျဉ်းတွေပြန်ပြီးတင်းကျပ်ထားခဲ့တာဖြစ်ပါတယ်။ ဩဂုတ်လ၂၁ရက် ထုတ်ပြန်ချက်အရ နယူးဇီလန်နိုင်ငံရဲ့ Covid-19 ကူးစက်သူဦးရေက ၁၆၆၅ဦးနဲ့ သေဆုံးသူက ၂၂ဦးလို့ သိရပါတယ်။
crd-Pyi Myanmar #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment