Sunday, August 23, 2020

အိန္ဒိယတွင် တစ်ရက်အတွင်း COVID-19 အတည်ပြုလူနာသစ် ၇ သောင်းကျော်စစ်ဆေးတွေ့ရှိ၊ ကူးစက်ခံရသူ စုစုပေါင်း ၃သန်းကျော်သွားပြီ

အိန္ဒိယနိုင်ငံတွင် သြဂုတ်လ ၂၂ ရက်နေ့အတွင်း COVID-19 အတည်ပြုလူနာသစ် ၇၀၀၆၈ ဦးစစ်ဆေးတွေ့ရှိခဲ့ကာ နိုင်ငံတစ်ဝန်း ကူးစက်ခံရသူ စုစုပေါက်းမှာ ၃၀၄၄၉၄၀ ဦးခန့်ရှိပြီဖြစ်ပြီး၊ သက်သာပျောက်ကင်းသူ ၂၂၈၀၅၆၆ ဦးရှိလာကာ၊ သေဆုံးသူ စုစုပေါင်းမှာ ၅၆၈၄၆ ဦးရှိပြီဖြစ်ကြောင်းသိရသည်။
အိန္ဒိယနိုင်ငံတွင် ယခုရက်သတ္တပတ်အတွင်း နေ့စဉ် အတည်ပြုလူနာသစ်တွေ့ရှိမှုမှာ ခြောက်သောင်းခွဲအထက်များသာဖြစ်ခဲ့ရာမှ ယမန်နေ့က အမြင့်ဆုံးစံချိန်တင်ခဲ့ခြင်းဖြစ်သည်။
COVID-19 ကူးစက်မှုနှုန်းမှာ လွန်စွာမြန်ဆန်နေခြင်းကြောင့် အိန္ဒိယနိုင်ငံမှ တာဝန်ရှိသူတို့အနေဖြင့် အထူးကြိုးစား ထိန်းချုပ်ကာကွယ်နေရကြောင်းသိရသည်။
Ref ; Popular

0 comments:

Post a Comment